19

891 102 15
                                    

""ရန် ဟင့်အင်း""

မွန်းကျပ်လှစွာသော ခံစားချက်များနဲ့ နော်မန်နိုးထလာခဲ့သည်။နဖူးပေါ်ကချွေးစက်တို့က မသက်သာလှသော အိပ်မက်ကိုမြင်မက်ခဲ့ပုံပေါ်သည်။သူ့မျက်လုံးထဲ မရင်းနှီးသောအခန်းကိုမြင်လိုက်တော့ ဂျွန်နသန်၏အခန်းမှန်းသိလိုက်သည်။စိတ်သက်သာရာရစွာ သက်ပြင်းကိုအသာချလိုက်သော်လည်း အိပ်မက်တို့ကအစစ်အမှန်လိုခံစားမိသေးသည်။

""ဂျွန်နသန် ပါတီသွားဖို့မပြင်သေးဘူးလား""

အိမ်မက်ထဲကနှင့် တစ်ထပ်တည်းတူသော ဆီရီနာ၏အသံကိုကြားသည့်အခါ နော်မန်၏နှုတ်ခမ်းပါးတို့က တဆတ်ဆတ်တုန်သွားသည်။

""ရန်""

သူ၏တိုးညှင်းသောရေရွတ်သံက တခြားတစ်ဖက်မှာရှိနေသည့်သူ၏နှလုံးသားကို ညှစ်လိုက်သလိုနာကျင်သွားစေသည်။

နော်မန်၏ နှလုံးသားကဘာသားနှင့်ထုထားသည်မို့လို့လဲ။လူတွေကပြောကြတယ် ဘဝမှာအချစ်ဦးနဲ့တစ်ခါလွဲရင် အချစ်ဆုံးနဲ့တော့ဆုံမှာပါတဲ့။နော်မန်က သူ့အသက်17နှစ်မှာ အချစ်ဦးနဲ့တစ်ခါလွဲခဲ့ပြီးပြီ။စလမ်းခွဲခဲ့သည့်လူက နော်မန်ဆိုပေမယ့် ထိုလူကိုမေ့မရခဲ့။အဲ့သည်အချိန်မှာ systemနဲ့ဆုံခဲ့ပြီး ကောင်းသောတွေ့ဆုံခြင်းမဟုတ်ပေမယ့် သူ့ကိုတစ်ဘဝလုံးအလိုလိုက်ချစ်ပေးခဲ့သူက ထီဒနီ့ရန်သာ။

သူ့အပေါ်ကောင်းတဲ့ ထီဒနီ့ရန်ကို သူတိမ်းညွှတ်မိသလို နှလုံးသားမှာအရင်ရှိနှင့်နေသည့်သူ၏အသံကိုကြားတော့လဲ ငိုချင်စိတ်ကမရပ်တန့်နိုင်။ထီဒနီ့ရန်က သူ့အတွက်တစ်ဘဝပဲဆုံရသူမို့ အတတ်နိုင်ဆုံးကောင်းပေးမယ်ဟုဆုံးဖြတ်ခဲ့ပေမယ့် တကယ်တမ်းပျော်ဝင်သွားသူမှာ သူကိုယ်တိုင်။ခံစားချက်များကို သိသိရက်နဲ့လိမ်ညာထားခြင်း။နောက်တစ်ခေါက်ပြန်ဆုံရသည့်အခါ နှလုံးသားကထိုလူအားဘယ်လောက်တောင်တောင့်တနေလဲဆိုတာ သူသိခဲ့ရပြီ။သို့ပေမယ့် သူဘယ်တော့မှဖွင့်ဟပြောလိမ့်မည်မဟုတ်။

""ဂျွန်နသန်""

""လာပြီ""

ဆီရီနာအသံကိုကြားတဲ့အခါ အိပ်ယာပေါ်က လူးလဲထလာတဲ့နော်မန်ဟာ ဘာမှမဖြစ်သလို။နော်မန်က ဘယ်တော့မှသူ့ခံစားချက်တွေကိုလူတွေမြင်အောင်မပြတတ်ဘူးလေ။မပြရဲခဲ့တာဆို ပိုမှန်ခဲ့မယ်။

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now