9

1.4K 121 22
                                    

ဒိုင်း

ရုတ်တရက်ကြားလိုက်ရတဲ့သေနတ်သံကြောင့် နော်မန်အလန့်တကြား ထီဒနီ့ရန်ကိုမော့ကြည့်လိုက်သည်။ထိုစဥ်ထီဒနီ့ရန်ရဲ့လက်မောင်းကို ဆုပ်ကိုင်ထားတဲ့သူ့ရဲ့လက်ချောင်းတွေပေါ် သို့စီးကျလာတဲ့နီရဲရဲသွေးစက်တို့။နှစ်ဦးသားရဲ့အကြည့်က လက်မောင်းသားပေါ်က ဒဏ်ရာကိုရောက်သွားပြီးနောက် နော်မန်ကဒဏ်ရာကိုအလန့်တကြားထိကိုင်မိလိုက်စဥ်ခဏတွင် ထီဒနီ့ရန်၏အကြည့်ကတော့ အခန်းဝမှာရှိတဲ့အမျိုးသားတစ်ယောက်ဆီရောက်ရှိသွားလေသည်။

သေနတ်ကိုကိုင်ကာ သူ့ကိုစိုက်ကြည့်နေသည့် အဲ့ဒီ့အမျိုးသား၏ပုံရိပ်က တချိန်ကကမ်းပေါ်မှာငိုနေသည့် ကလေးတစ်ယောက်၏ပုံရိပ်တို့နှင့်တထပ်တည်းထင်ကျန်လာသလို။တယ်ပိုးကောင်းကိုသတ်ခဲ့သည့် မိကျောင်းမုဆိုးကို သူလက်စားချေခဲ့နိုင်ခဲ့ပေမယ့် ကျူပင်ခုတ်ကျူငုတ်မချန်စေချင်ခဲ့သည့်ဒေဝေသီ့၏စကားကိုငြင်းပယ်ကာ လွတ်ပေးခဲ့သည့်ကလေးငယ်တစ်ဦး။

ဖာယူ သူ့လက်ထဲက သေနတ်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားလိုက်ပြီး သူ့ရဲ့အကြည့်ကသူ့ကိုကြည့်နေတဲ့အစိမ်းရောင်မျက်ဝန်းများနှင့်ဆုံသွားသည်။ထိုစဥ် သူ့အနားကိုပြေးလာတဲ့မိကျောင်းမတစ်ကောင်ကို သေနတ်ဒင်နဲ့ထုကာသတိမေ့စေလိုက်ပြီး ဖာယူ၏အကြည့်များက သူ့ကိုကြည့်နေဆဲဖြစ်သည့်မိကျောင်းဆီပြန်လည်ရောက်ရှိသွားခဲ့ပြီး ထိုမှတဆင့် သူ့ကိုကြည့်နေသည့်ယောက္ခထီးဖြစ်သူကိုတချက်ကြည့်ကာသူ့အကြည့်က ထီဒနီ့ရန်ဆီပြန်လည်ရောက်ရှိသွားသည်။နောက်ဆုံးမှာတော့ အခန်းကျယ်ထဲမှာ အသိရှိနေဆဲလူသုံးယောက်သာကျန်ခဲ့တော့သည်။ဒေဝေသီကတော့ သေနတ်ဒင်နဲ့အထုခံရကာမေ့နေလေပြီ

""ခဗျားနောင်တရလား""

တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ ဖာယူ့စကားသံကပစ္စုပ္ပန်ဆီပြန်လည်ရောက်ရှိလာခဲ့သည်။

""မင်းသာ ကိုယ့်နေရာမှာဆိုကိုယ့်လိုပဲလုပ်မှာပဲ""

""သောက်စကားကိုရှင်းရှင်းပြောစမ်း""

""ကိုယ်ရှင်းပြရတာတွေမုန်းတယ်ကောင်လေး မင်းလက်စားချေချင်တယ်ဆို ကိုယ်ဘက်ကအဆင်သင့်ပဲ""

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now