11

1.2K 111 5
                                    

""ရန်""

ထိုအမျိုးသမီး၏စကားအဆုံးဝယ် အားလုံး၏အကြည့်က ထိုအမျိုးသမီးဆီရောက်ရှိလာ၏။သူမ စကားလွန်သွားပြီမှန်း သတိပြုမိသွားသည့်အမျိုးသမီးက ကိုယ်ဟန်ဖို့အသာပြုံးလိုက်ပြီး နော်မန်၏ဘေးသို့လျှောက်ကာ တယ်ပိုးကောင်း၏အနား အသာဝင်ထိုင်လာ၏။

""မင်းဘယ်သူလဲ""

""ဘာကိုပြောတာလဲရှင့် ကျမနာမည်ကခွန်နောင်ပါ"""

ထီဒနီ့ရန်၏အေးစက်စက်စကားကို ထိုအမျိုးသမီးကအသာရယ်ရင်းဆိုလာ၏။အဆက်အစပ်မရှိသည့်စကားတို့ကြောင့် ဘာကိုမှမသိသည့် နော်မန်ကနှစ်ဦးသား၏မျက်နှာကိုတလှည့်စီလိုက်ကြည့်နေရင်းနဲ့မှ တယ်ပိုးကောင်း၏မျက်နှာသို့ရောက်ရှိသည့်အခိုက်တွင် နားလည်သွားခဲ့၏။တယ်ပိုးကောင်းသည် မူလပိုင်ရှင်နှင့်တူသည်ထက် ခွန်နောင်နဲ့ပိုတူ၏။ကျန်သည့်အသွင်အပြင်အလုံးစုံမှာ ခွန်နောင်နဲ့တူသော်လည်း ဦးကောင်း၏မျက်ခုံးမျက်လုံးများကိုအမွေရထားသည်ဖြစ်ရာ ခွန်နောင်နှင့် ဘေးခြင်းယှဥ်မရပ်သ၍ တယ်ပိုးကောင်းက ဦးကောင်းနှင့်တူသည်ဟုပင် ထင်မှတ်ကြမှာပင်။လူဆိုတာ မျက်လုံးကိုပဲ အဓိကထားကြည့်ကာ စကား​ပြောကြသည်မလား။

"""လာလိမ်မနေနဲ့ စဝင်လာတည်းက မင်းမလုံမလဲဖြစ်နေတာငါသိတယ်"""

ထီဒနီ့ရန်၏စကားအဆုံးဝယ် ခွန်နောင်က ပါးစပ်ကိုလက်ဖြင့်အသာအုပ်ကာ တခစ်ခစ်ရယ်၏။

""ရှင့်ကိုတော့ ဘယ်တုန်းကမှလိမ်မရပါလား""

""တယ်ပိုးကောင်း""

ထီဒနီ့ရန်၏အော်သံအဆုံးဝယ် တယ်ပိုးကောင်းကပါရောပြီးတုန်သွား၏။သူမနာမည်ကဘာဖြစ်နေမှန်းနားမလည်သလို အဖေဖြစ်သူလက်ထပ်မယ့်သူနဲ့အမေဖြစ်သူတို့ ဘာအကြောင်းပြောနေကြမှန်းသူမနားမလည်သောကြောင့် ဘေးလူလုံးလုံးဖြစ်နေချေ၏။ခွန်နောင်ကတော့ ထီဒနီ့ရန်၏ဒေါသကိုမြင်တာတောင် ဘာကိုမှစိတ်ပူမနေဟန်

သူမက ထီဒနီရန်နှင့်နော်မန်တို့အကြား ဥယျာဥ်ထဲလမ်းလျှောက်သလိုလှည့်လည်ရင်း တစ်ခါတရံလဲ သူမ၏ခန္ဓာကိုယ်ဖြင့် သူတို့၏ခန္ဓာကိုယ်ကိုမထိတထိဖိကပ်သေး၏။သူ့လက်ကိုလာကိုင်သည့်လက်ချောင်းတို့ကို ထီဒနီ့ရန်ကအသာခါပစ်သည့်အခါ ခွန်နောင်ကရယ်မောလာ၏။

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now