မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (အပိုင်း ၁၃)

200 18 6
                                        

"ပြန်လာကြပြီပေါ့လေ"

အိမ်ထဲပြန်ရောက်ရောက်ချင်း အဆူတော်လွှတ်လိုက်သည့် မိနွယ်။ အင်း သူပြောမယ်ဆိုလည်း ပြောချင်စရာပါလေ။ အိမ်နံရံမှာကပ်ထားတဲ့နာရီမှာ ၆နာရီဆိုပြီး အချက်ပြနေလေပြီ။

"ဟီး..."
ဆွေနဲ့မိ မျက်နှာချိုသွေးကာ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြရင်း
"နည်းနည်းလေးမှောင်သွားတယ်"

"နည်းနည်းလေးတဲ့လား ဘယ်တုန်းကများသည်ချိန်ထိ အပြင်ထွက်နေဖူးလို့လဲ"
သုံးယောက်ယှဉ်ရင် နွယ်သည်ပို၍ လူကြီးဆန်သည်။ဒါသည်လည်း လူအများကိုချပြထားသည့် သူမ၏အမူအကျင့်တစ်ခု။

"ကလေးတွေကိုပြန်လိုက်ပို့နေလို့နောက်ကျသွားတာပါ"

"ဘယ်က ကလေးတွေလဲ"

"အထွန်းတို့လေ... သူတို့လေးတွေနဲ့သွားတာ"

ရုတ်တရက်ဆိုသလို နားဘေးနားကနေ အလှလေးဆိုသည့်အသံကို ဖြတ်ခနဲကြားလိုက်ရတာကြောင့် ကြက်သီးမွှေးညှင်းများပင်ထသွားရသည်။

"နင်တို့မလဲ ငါမပြောချင်ဘူးနော် ဘာလို့အဲ့ကောင်မလေးနဲ့မှ သွားရတာလဲ"

"သူတို့လေးတွေပဲသည်နားရှိတာကို
အဖော်လိုက်ပေးတော့ငါတို့လည်း အားကိုးရတာပေါ့နွယ်ရယ် မောရတဲ့ကြားထဲဟယ် "
စိတ်မရှည်သည့် အမိကဝင်ပြောတော့မှပဲ အပြောရပ်တော့သည်။

"တော်ပြီ တော်ပြီ မပြောတော့ဘူး "

"မပြောနဲ့ နားညီးသက်သာတယ် အပျိုကြီးလို့ကိုမပြောရဘူး "

မျက်စောင်းလေးထိုးကာ အခန်းထဲဝင်သွားသော မိရဲ့နောက်ကနေလိုက်ရင်း နွယ့်ကိုလည်း လက်ကလေးနဲ့ပုတ်ကာ ချော့ရသည်။ သူတို့ကလွန်သည်မလား နွယ်မမှားဘူးလေ။

"ဘာကို အလှလေးလဲ"
အားမလိုအားမရဖြစ်ကာ ကိုယ့်ခေါင်းကိုတစ်ချက်လောက်ခေါက်ရင်း ထိုအသံ ကိုယ့်နားထဲကထွက်သွားအောင် ခေါင်းကိုသွင်သွင်ခါပစ်လိုက်သည်။

ည(၈)နာရီခန့်....

"နွယ်...သူငယ်ချင်း
ညနေကကိစ္စအတွက် စိတ်မဆိုးပါနဲ့နော်"

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : 3 days ago ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Où les histoires vivent. Découvrez maintenant