ကောင်းကင်မှနေရောင်ခြည်များက လူသားတို့နေထိုင်ရာ ကမ္ဘာမြေပေါ်သို့ တစ်စတစ်စဖြာကြ၍ အစွမ်းကုန်တောက်ပဖို့အရှိန်ယူနေ၏။
မိုးသောက်အလင်းရောင်အနည်းငယ်မျှကျရောက်နေသောလဲ သာချောင်းမြို့ကြီးရှိ မြို့သားများသည် နိုးထကုန်ကြ၍ တစ်နေတာရဲ့ဝေယျာဝေစများကို စတင်လုပ်ကိုင်ကြတော့သည်။
သာချောင်းမြို့ကြီးအမည်မှာ ရွာအမည်ဆန်တယ်လို့ ထင်ရပါသည်။အမှန်တစ်ကယ်တော့လည်း ရွာကြီးကနေ ဖြစ်တည်လာတဲ့ မြို့ရွာကလေးပါဘဲ။အရင်ကလမ်းပန်းဆက်သွယ်ရေးတွေ မကောင်တဲ့ ရွာငယ်လေးက အခုဆို မြန်မာပြည့်ရဲ့ပို့ကုန်သွင်းကုန်တစ်ဝက်ကို ဒီသာချောင်းမြို့ကြီးက အထိက ထားတင်ပို့ပေးကြရသည်။ ဒါကြောင့် သာချောင်းမြို့ကြီးကလဲ အရေးပါအရာရောက်ခဲ့သော မြို့တစ်မြို့ဖြစ်လာပြီးတစ်စတစ်စဖွံ့ဖြိုးတိုးတက်လာသော ရွာလေးကနေ မြို့အဖြစ်ကူးပြောင်းလာခဲ့ သည်မှာ ကြာညောင်းလာခဲ့ပါသည်။ ရွာဖြစ်ခဲ့တုန်းက ချောင်းကြီးကို အဓိကထားသုံးဆွဲခဲ့၍ သာချောင်းရွာလို့အမည် တွင်သွားခဲ့၏။ မြို့အဖြစ်ကူးပြောင်းသွားသောလည်း ရှိရင်းဆွဲအမည်ကိုသာခေါ်တွင်စေခဲ့သည်။
သာချောင်းမြို့ကြီးတွင် နေထိုင်သော
(ထွန်းသစ်စရက်ကွက်)ရှိ ပေ၃၀ ခြံဝင်းရှိ အိမ်ရှေ့တွင် နှစ်ချို့သပြေပင်ကြီးရှိ၍ ဘေးပတ်များတွင်းလဲ သစ်ပင်ပန်းပင်ဘုစုခရုစုလေးများစိုက်ပျိုးထားသည်။ အိမ်မှာနှစ်ထပ်တိုက်လေးကို မြင်သူတိုင်းမျက်စိအေးချမ်းပြီးနေချင်စရာကောင်းအောင် ဆောင်လုပ်ထားပုံမှာ ဆောင်လုပ်သူရဲ့စိတ်ရှည်မူနဲ့စေသနာပါမူများကို မပြောလဲတွေ့မြင်ရပါသည်။ အိမ်ကြီးရဲ့အနောက်ဘက်မှာတော့ ခရေပင်ကြီးထီးထီးမားမားတစ်ပင်ရှိပါသည်။သူရိန်ထွန်းမောင်တစ်ယောက် 6ခွဲဆို အမြဲနိုးတက်သည်။နာရီကြောင့်အိပ်ချင်နေတဲ့ မျက်လုံးကို ပြူးပြဲထကာ တစ်ချက်အကျောအချင်ဆန့်၍ နာရီဘဲကိုပိတ်ပြီး ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွား၏။
တစ်နေတာအလုပ်များကို လုပ်ဆောင်ရပေအုံးမယ်မဟုတ်လား။
.....
CZYTASZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]
Romansဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️