"သွားတော့မယ်ပေါ့ ?"
"ဟုတ်အမေ ထမင်းစားချိန်နီးနေပြီဆိုတော့ ပြီးတော့ အကိုနဲ့အတူတစ်ခါထဲ ဆိုင်ခန်းလေးပါသွား ကြည့်မလို။"
တိမ်ယံ ချိုင့်များခြင်းထဲသို့ ဆီထည့်ကာ အမေ ကိုပြန်ဖြေလိုက်သည်။
"အေးပါကွယ်... နောက်ရက်ကျမှာ အမေဆိုင်လိုက်ကြည့်တော့မယ်။အခုတော့ ကလေးတို့ပဲ အရင်သွားကြပါ...ကဲ ကဲ အမေပြောတာနဲ့ ထမင်းစား နောက်ကြတော့မယ်.. သွားတော့"
"ဟုတ် တိမ်ယံတို့ နေ့ခင်းလောက်ပြန်လာခဲ့မယ်"
"အေးပါ"
တိမ်ယံအမေကိုပြောကာ အားလုံးပြင်ပြီး ထမင်းခြင်းလေးဆွဲ၍ အကိုကုမ္ပဏီရှိရာကို အိမ်ထဲက ထွက်လာလိုက်သည်။
လက်ထပ်ပြီးနောက် တိမ်ယံဆိုင်ဖွင့်ချင်တယ်လို့ပြောလိုက်တော့။ အကိုက ချက်ချင်း စီစဉ်ပေးသည်။ ဈေးနားနဲ့လည်နီး အကိုအလုပ်နဲ့လည်း နီးသောနေရာတွင် မြေကွက်တစ်ကွက်ရတယ်။ ထိုမြေကွက်က အကိုအသိမိတ်ဆွေက ရောင်းရန်ဆိုင်းထားသော..
ပေ၂၀မြေကွက်လေးဖြစ်ကာ ထိုနားတွင်းစည်ကားသောကြောင့် အကိုက ယူရန်သဘောကျပြီး တိမ်ယံကြိုက်မကြိုက်အရင်မေးမြန်းခဲ့သည်။
တိမ်ယံလည်းသဘောကျပါတယ်။ ဒါပင်မဲ့ အကိုက မဝယ်သေးဘဲ တစ်နှစ်အရင်စာချုပ်နဲ့ အဆန်းငှားဖွင့်ရင် အကြုံအရင်ပေးတယ်။
အကိုစဉ်းစားတာမှန်တယ်လို့ တိမ်ယံလဲ ထင်မိတယ်။ ဘာလို့ဆို အရင်ဆန်းဖွင့်ကြည့်ကာ ရောင်းအားပေါ် အရင်ကြည့်သင့်တယ်။ ပိုက်ဆံအလုံးအရင်းလိုက် ရင်းလိုက်တာထက် ဖြေးဖြေးခြင်းသွားတာ ပိုကောင်းတယ်လို့ သူထင်သည်။
ထိုကြောင့် အကိုအကြုံဉာဏ်တိုင်းသဘောတူလိုက်၏။
အကိုကလည် သူမိတ်ဆွေနဲ့ဆွေးနွေးကာ ထိုသူကလဲ လက်ခံတော့။ အားလုံးအဆင်ပြေကာ 'စာချုပ်'ချုပ်သည်။
အားလုံးပြီးသွားတော့ အကိုက တိမ်ယံဆိုင်အတွက် ဒီဇိုင်းဆွဲပြီးပြီချင် ဆိုင်စဆောင်တော့တယ်။ ဆိုင်ဆောင်နေချိန်တွင်တော့ တိမ်ယံ သွားမကြည့်ဖြင့်ပါ။
![](https://img.wattpad.com/cover/330757304-288-k458791.jpg)
أنت تقرأ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]
عاطفيةဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️