Part [22]🌺

1K 41 4
                                    


သူရိန်ထွန်းမောင်ရဲ့ မျက်နှာဖျက်ရိုက်သလို့စကားများကို လစ်လျူရှုလိုက်ပြီ

"မတွေ့တာကြာတော့ ကိုသူရိန်က စတက်နောက်တက်လာတယ်နော်။ ဒါနဲ့ဘယ်ကိုလားတာလဲ? ဈေးဝယ်ထွက်လာကြတာလား? 'ထား'က ဒီကိုအလုပ်ကိစ္စနဲ့ရောက်လာတာ
ကိုသူရိန်နဲ့တွေ့မယ်လို့ မထင်ထားဘူး တိုက်ဆိုင်လိုက်တာနော်"

ဘေးက ဥက္ကာဦးကတော့ ငါကိုမမြင်ဘဲ သူရိန်ကိုဘဲကွက်ပြီး စကားတွေပြောနေရအောင် ငါက အခု မတ်တပ်ကြီး သေနေလို့လား ဟ!

သူရိန်ထွန်းမောင်ကတော့ မျက်ခုံးတစ်ဖက်ပင့်ပြီး သူ့ရှေ့က သူမ ဘာသူ့မေး၊သူမဘာသာဖြေနေသော ထိုအမျိုးသမီးကို သူ့ပြောလိုက်တဲ့ စကား‌ကိုနားမလည်း
တာဘဲလား မျက်နှာပြောင်တိုက်တာဘဲလာဆိုတာကို စဉ်းစားဖို့တောင် ပျင်းလွန်းလို့ လှည့်ထွက်သွားဖို့သာပြင်လိုက်သည်။

ထိုအရာကိုမြင်လိုက်တဲ့ ဥက္ကာဦးက စကားတွေအရမ်းဖောသီအောင်ပြောနေတဲ့ ခင့်ထားကိုကြည့်ပြီး ပြောလိုက်သည်

"အလုပ်လေးရှိလို့ သွားလိုက်ပါအုံးမယ်
'မခင်ထား' သူရိန်မိန်းမကလဲ ကိုယ်ဝန်နဲ့ဆိုတော့ အလုပ်ပြီးတာနဲ့ ပြေးဂရုစိုက်နေတော့ သူ့ကအလုပ်များနေတာ၊ ကလေးမွေးလို့ ရက်၁၀၀ပြည့်ရင် ဖိတ်လိုက်မယ်သိလာ?"

ဥက္ကာဦး ခက်တည်တည်နဲ့ပြောလိုက်ပြီး ထွက်သွားတဲ့ သူရိန်နောက်ကို အမှီလိုက်သွားသည်။

မှတ်ထား ငါ့ကိုသည်လို့ လာကျော့လို့ရရောလား ဟင်၊

နှစ်ယောက်လာတာမြင်ရဲ့သားနဲ့ သူရိန်ကြီးဘဲ စကားပြောနှုတ်ဆက်နေတာ ဘာသဘောလဲ?
အရေးပေးခံချင်လွန်းလို့ မဟုတ်ပါဘူး။

ကိုယ့်ကိုစော်ကားသလို့ ခံစားလိုက်ရလို့။

ထိုခင်ထားဆိုတဲ့ အမျိုးသမီးမျက်လုံးတွေက
သူရိန်ကို တပ်မက်သလို့တွေကြည့်နေတာတွေ့တော့ အမြင်ကပ်လွန်းလို့ သူရိန်မှာအိမ်ထောင်ရှိတယ်ဆိုတာကို ထည့်ပြောပစ်လိုက်တာ။ ဒါမှ သူ့ကို လေ လို့သဘောထားတဲ့ သူမ ထိချက်ပြင်းသွားမှာလေ။

အဲ့အမျိုးသမီးကို သူ့တစ်ကယ်နားမလည်းတော့ဘူး သူမမှာ အိမ်ထောင်ရှိနေပါရဲ့ ဘာလို့အခုလို့တွေကြည့်တာလဲ။ ဒါမှာမဟုတ် အိမ်ထောင်များကွဲလို့ သူရိန်နဲ့ပြန်ဆက်ချင်နေတာလား??

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]Opowieści tętniące życiem. Odkryj je teraz