အရာအားလုံးက အချိန်နှင့်တစ်ပြေးညီရွေ့လျားလည်ပတ်လို့နေသည်။
ထို့အတူ သူရိန်နှင့်တိမ်ယံတို့မိသားစုလေးကလည်း အရာအားလုံးအဆင်ပြေစွာဖြင့် နေ့ရက်တိုင်းကို ပုံမှန်ပျော်ရွှင်စွာဖြတ်သန်းနေ၏။
ဘုန်းခန့်လေးကလည်း တဖြေးဖြေး၁နှစ်ခွဲအရွယ်သို့ရောက်ရှိလာခဲ့သည်။တစ်ချို့အရာများကိုသိတက်စရှိလာသော ဘုန်းခန့်လေးကို အမြဲစနောက်၊မတည့်အတူ အဖေကြီးသူရိန်က တိမ်ယံထက်အချစ်ပိုနေသည်။ သားဖြစ်သူငိုသည့်အထိ အမြဲစနောက်သည့်သူရိန်က အလုပ်ထပ်သားကို ဦးစားပေးတက်သည်။
ယင်းကြောင့် သိတက်စ သားကိုပစ်ထားပြီး အလုပ်ကိုကြီးဦးစားပေးမျိုးမကြိုက်တက်သော သူရိန်က သားအနားနှစ်ယောက်လုံးတစ်ယောက်မရှိတစ်ယောက်အချိန်ပြည့် ရှိနေရန်၊သားလေးတစ်ယောင်ထဲအထီးကျန်ဆန်တာမျိုးမခံစားရစေရန်အတွက် အချိန်များခွဲခြားထားရသည်။
ထိုခံစားချက်ကို တိမ်ယံကပိုသိသည်၊ သူ့ဘဝတွင် အမေမရှိ၊ဖခင်ဖြစ်သူကလဲ အချိန်ပြည့်သူနောက်အိမ်ထာင်ကိုသာ ဂရုစိုက်သောအဖေကြောင့် အမြဲမိဘမေတ္တာတောင်းတသည့် တိမ်ယံတွင်မေတ္တာအပြည့်အဝပေးနိုင်သော အဘွားတစ်ယောက်သာရှိခဲ့သည်။ အဘွားကလည်း အချိန်ပြည့်အလုပ်များမလစ်ဟင်းအောင် ဆောင်ရွက်ရသောကြောင့် သူလိုချင်မိသော ဂရုစိုက်မူများနှင့် မေတ္တာများသည်အချိန်ပြည့်မရရှိခဲ့ပဲ အဘွားအနားမှာမရှိသောအချိန်များတွင် အထီးကျန်စိတ်များဝင်လာကာ အားငယ်တက်ခဲ့သည်။
သူ့သားလေးကိုတော့ ထိုသို့မဖြစ်အောင် မိဘများဖြစ်သော သူတို့နှစ်ယောက်ဘက်ကအစွမ်းကုန် ဂရုစိုက်ပျိုးထောင်သည်။
အခုနောက်ပိုင်းတိမ်ယံသည် အားရင်အားသလို အစ်ကို့ကိုခေါ်ကာ ကားမောင်းသင်ခိုင်းသည်။ဒါမှာ အချို့အထည်သွားယူသောနေရာတွေကို ကိုယ်ကားလေးနှင့်ကိုယ် သက်တောင့်သက်သာသွားယူနိုင်ရန်နှင့်ဘယ်နေရာလေးသွားသွား ကားလေးနှင့်ဆိုပိုပြီးအဆင်ပြေသည်။
သူရိန်ကတော့ ဆူပုတ်ပုတ်နှင့်သင်ပေးရှာသည်။အဘယ်ကြောင့်ဆိုသော တိမ်ယံကားမောင်းတက်ရင် သူ့ကားနှင့်အတူအလုပ်သွားအလုပ်ပြန် အတူမရှိနိုင်တာကြောင့်ပင်။
ESTÁS LEYENDO
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]
Romanceဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️