အခု သူရိန်ထွန်းမောင်တို့ သူငယ်ချင်းတွေတွေ့ဖို့ချိန်ထားတဲ့နေရာက ကားပါကင်ထဲသို့ ရောက်ရှိပြီးဖြစ်သည်။ ကားပါကင်ထိုး၍
ကားထဲက သူရိန်ထွန်းမောင်ထွက်ခါနီး ဘေးခုံးကတိမ်ယံကို ကြည့်လိုက်တော့လက်ကလေး နှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်နေတာတွေ့တော့..အဲ့လက်သွယ်သွယ်လေးများအပေါ်အုပ်ကိုင်ကာ
"ရင်တွေတုန်နေတာလား တိမ်ယံ...
မကြောက်ပါနဲ့ ကိုယ် သူငယ်ချင်းတွေက တိမ်ယံကိုမကိုက်စားပါဘူး"
တိမ်ယံလက်များပေါ်၌ ထပ်တင်ထားလာသောအဆစ်များသည် အနေအသင့်ကြီးပြီး ရှည်သွယ်ကာ ယောက်ျားပီသပြီ ထိုလက်များကိုကြည့်၍ အစ်ကိုထွန်းမောင်ရှိရာကိုလှည့်ကြည့်မိကာ
"နည်းနည်းတော့ရင်တွေတုန်တာပေါ့ တစ်ခါမှအဲ့လို မိတ်ဆက်ပွဲတွေ မသွားဘူးတာ"
သူကိုမကြည့်,ကြည့်ဖြင့် မျက်မှောင်လေးတွေကြုတ်ပြီး ပြောလိုက်ပုံမှာ တကယ်အသည်းယားဖွယ်အတိပါ။
သူရိန်ထွန်းမောင်လည်းပြုံးလိုက်၍
"ဟုတ်ပါပြီ...မကြောက်နဲ့ လာသွားစို့ အခုလောက်ဆို ဟိုကောင်တွေရောက်လောက်ပြီ"
"အင်း"
အစ်ကိုထွန်းမောင်က ကားထဲကအရင်ထွက်ပြီး တိမ်ယံဘက်သို့လာကာ ကားတံခါးလာဖွင့်ပေး၏။
သူကိုယ်ခင်ပွန်းလောင်က ဒီလို့အရာတွေကအစ လုပ်ပေးတော့ ဘာမှာမဟုတ်တဲ့အရာဆိုပင်မဲ့။ ရင်ထဲမှာဝမ်းသာအူမြူးလို့နေသည်။
ဒီနေ့ တိမ်ယံ ရိုးရိုးရှင်းရှင်းချည်သားဝမ်းဆက် အင်္ကျီနဲ့ထမိန် လိမ္မော်ရောင်လေးကို ဝတ်ဆင်ထားပြီ၊ အစ်ကိုထွန်းမောင်ကတော့ အနက်ရောင် တီရှပ်နဲ့ဘောင်းဘီနှစ်ခုစလုံးကိုတွဲဖတ်ဝတ်ထားကာ လူငယ်ပုံစံကိုအများကြီးပေါ်လွင့်စေသည်။ အမြဲပုဆိုးလေးဖြင့်မြင်ရနေတော့ အခုလို့ ဘောင်းဘီလေးနဲ့မြင်ရပြန်တော့လည်း အမြင်ဆန်းသွားသည်။ ပုဆိုးလေးနဲ့ကလည်း တစ်မျိုးကြည့်ကောင်းပါသည်။ အစ်ကိုထွန်းမောင်က ဘယ်လို့ဝတ်ဝတ်ကြည့်ကောင်းနေတဲ့သူပင်။ တိမ်ယံ သူအတွေးနဲ့သူပြုံးလိုက်၏။
ВЫ ЧИТАЕТЕ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Любовные романы[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
