Part [18]🌺

945 43 0
                                    

ဝုန်း!!

"အမလေး မြတ်ဗုဒ္ဓ!"

အလုပ်ခန်းတံခါးဖွင့်သံကြမ်းကြမ်းကြောင့် သူရိန်ထွန်းမောင်သည် လက်ထဲက ပုံကြမ်းဆွဲတဲ့ ခဲတံအောက်ကိုလွတ်ကျသွား၍ ဘုရားပါတမိသွား၏။

အဲ့လောက်ဖွင့်စရာလို့လို့လားဟ!

သူကိုတောင် ရင်တုန်အောင်လုပ်သူကိုလှမ်းကြည့်လိုက်တော့။ တံခါးဝတွင်ရပ်နေပြီး မျက်နှာလေးနီးနေတဲ့ တိမ်ယံကိုတွေ့တော့ ရင်တုန်တာတောင် ဘယ်ရောက်မှန်းမသိ။

စိုးရိမ်စိတ်ကဝင်လာပြီး တိမ်ယံဆီအမြန်သွားကာ နုအိသောလက်ကလေးကိုဆုတ်ကိုင်ကာဖြင့်

"ဘာဖြစ်တာလဲ?..ထပ်ပြီး ခေါင်းမူးလာလို့လာ၊နေရထိုင်ရမသက်သာလို့လာ?။ကိုယ်ကိုပြောပါအုံး...ကွာ"

သည်ရက်ပိုင်း တိမ်ယံခန္ဓာကိုယ်က အားနည်းတက်လာပြီး၊နုံးနေတာ၊ပင်ပန်းတာတွေ၊အန်တာခေါင်းမူးတာတွေ ဖြစ်တက်တော့ သူမှာ အရိပ်တက်ကြည့်ကြည်နဲ့ ကြည့်နေရသည်။

ခေါင်းမာသူလေးကတော့ ဆေးခန်းလုံးဝမသွားဘူးလို့ အတင်းငြင်းထားလို့ သူမှာစိတ်ဆိုးရလဲခက်ပါ။ မလုပ်ချင်တာကိုအတင်းလဲမလုပ်ခိုင်းရက်။

"ကိုယ်မေးနေတယ်လေ...ခေါင်းပြန်ကိုက်ပြန်ပြီးလား"

"ဟင့်အင်း...သည်တစ်ခါ ခေါင်းကိုက်တာမဟုတ်ဘူး"

တိမ်ယံသည် မျက်နှာလေးခက်ရဲရဲနဲ့ အစ်ကိုကြည့်ကာ ပြန်ဖြေလိုက်၏။

"ဒါဆိုဘာဖြစ်လို့လဲ မျက်နှာကလည်းရဲနေတာပဲကွာ..."

"ဟို...ဟို အစ်ကို...!"

"အင်း"

တိမ်ယံအပြောကိုစိတ်ရှည်စွာနားထောင်နေတုန်း။ သူ၏လက်ကိုတင်းနေအောင် ဆုတ်ကိုင်ခံလိုက်ရကာ

"တိမ်ယံမှာ ကလေးလေရှိနေပြီးလား မသိဘူး"

"ဟားဟား တိမ်ယံရယ် ပေါက်ပေါက်ရှာ.....ဟမ့်! အခုန ဘာ!! ပြောလိုက်တယ်?"

မျက်လုံးပြူးစွာမေးလိုက်တော့ဖြင့် မျက်လုံးဝိုင်းဝိုင်းလေးက မျက်တောင်လေးတစ်ဖျက်ဖျက်ခက်၍ သူကိုကြည့်ပြီးခေါင်းညိတ်ပြတာမြင်တော့။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]Donde viven las historias. Descúbrelo ahora