Part [55]🌺

212 31 2
                                    

"ဒါက ဘယ်လဲ?"

တိမ်ယံအခန်းထဲ ဝင်လာတော့ တီရှပ်ကိုအောက်ခံဝတ်ပြီး ရှပ်အင်္ကျီကို အပြင်တစ်ထပ်ဝတ်ဆင်ကာ၊ဒူးအတိဘောင်းဘီနှင့် အပြင်သွားဖို့ပြင်နေသည်၊အစ်ကိုကြည့်၍ မေးလိုက်သည်။

သူရိန်က ပြုံးကာ

"ကိုယ် သူငယ်ချင်းတစ်ယောက်ဆီသွားမို့ မတွေ့တာလည်ကြာပြီ သူလဲအလုပ်မအားတော့ ကိုယ်ဆီမလာဖြစ်ဘူး။ကိုယ်သွားတွေ့မို့။"

"အော် အင်း..အင်း"

သူရိန် တိမ်ယံနဖူးလေးကို နမ်းကာထွက်သွားသည်။

"ကိုယ်သွားပြီ"

"အွန်း"

သူရိန်ထွက်သွားတော့ နေကြာစိလေးကိုက်ကာ ဒေါ်ရွှေခင်က သူအနားလာရပ်သည်။

"သူဘယ်သွားတာလဲ"

"သူငယ်ချင်းဆီတဲ့"

"သူငယ်ချင်း"

"အင်း"

ဒေါ်ရွှေခင်တွေးစစဖြစ်သွားသည်။တိမ်ယံလည်း ကလေးနှစ်ယောက်ဆီ ထွက်သွားလိုက်သည်။

မင်းခန့်လေးက အရုပ်လေးတွေ အက္ခရာဂဏန်းလေးတွေကို ငြိမ်ငြိမ်လေးထိုင်ဆက်ကတာ ဝါသနာပါတယ်။ဘုန်းခန့်လေးကတော့ ဂနာမငြိမ်ပတ်ပြေးနေတော့သည်။ဒါပင်မယ် အရင်လောက် အပြင်မထွက် လမ်းမလျားတော့ဘူး။ ခြံထဲဆော့ရင်ဆော့ မဆော့ရင် ဖိုးထူးလေးနှင့်ဆော့သည်။တိမ်ယံက‌တော့ မင်းခန့်လေးဘေးထိုင်ကာ ဖော်လုပ်ပေးတက်သည်။

ခဏဆိုထွက်သွားသည့် အစ်ကိုက ညမိုးချုပ်နေတာတောင် ပေါ်မလာခဲ့ပါ။တိမ်ယံမှာ လည်တစ်ဆန့်ဆန့်နှင့် ခြံပေါက်ဝကို မျှော်နေရ၏။တစ်ခုများ ဖြစ်နေလားဆိုပြီး စိုးရိမ်စိတ်က တစ်ချက်တစ်ချက်ဝင်လာခဲ့သည်။

တောရွာတွေက မြို့လိုမဟုတ် ၆နာရီ၇နာရီဆိုတာနဲ့ ညသန်းခေါင်လိုမျိုး တိတ်ဆိတ်ကာ အိပ်ဆက်ကြ၏။တိမ်ယံ အခန်းထဲ ခြင်ထောင် ထောင်လိုက်ကာ အိပ်ပျော်နေသည့် ဘုန်းခန့်လေးကို အရင်သိပ်လိုက်သည်။မင်းခန့်လေးကတော့ မအိပ်သေး အိမ်လေးဆက်နေ၏။အမေနှင့်အရီးလေးကလည်း မအိပ်သေးကာ နှစ်ယောက်သား ရှေ့ခန်း၌ စကားလေးပြော လက်ဖက်သုတ်လေး စားနေကြ၏။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]Donde viven las historias. Descúbrelo ahora