Part [56]🌺

249 38 3
                                    

သူတို့နှစ်ယောက် ထိုနေရာလေးတွင် ပုခက်ပေါ်ထိုင်ကာ အချိန်တော်တော်ဖြုန်းမိပြီးမှာ ပြန်ထွက်လာကြသည်။ထိုနေရာလေးက အပြန်တွင် သူစိတ်ထဲ လွမ်းသလိုလိုတော့ရှိခဲ့သည်။

ထိုနောက် တောထဲက သဘာဝပေါက်ရောက်နေသည့် စားလိုရသောမှိုများကို သူ့ အစ်ကိုနဲ့အတူခူးခဲ့၍ သစ်ပွပန်းပင်များကိုလည်း ခူးဆွတ်ခဲ့သည်။သဘာဝ၏ အလှအပများကာ တစ်နေ့ထဲ ကြည့်လိုမကုန်ပါ။ ဒါပင်မဲ့ သူတို့တွင် အဲ့လောက် အချိန်မရခဲ့။လူစုံမဲ့နေရာကိုပြန်သွားကာ အားလုံးနှင့်စုပြီးပြန်ခဲ့သည်။

အစ်ကိုကျောပေါ်က ခြင်းတောင်းထဲတွင် သူတို့ခူးခဲ့သည့် မှိုနှင့်ပန်းပွင့်များစွာကိုကြည့်ကာ သူဒီနေအရမ်းပျော်ခဲ့တာကို သိလိုက်တယ်။

သူတို့ အိမ်ပြန်ရောက် ဘုန်းခန့်လေးက အိမ်ရှေ့တွင် ခါးထောက်ကာမျက်မှောင်လေးကြုတ်၍

"ဒါ ဘယ်တွားယာယဲ ကျော"

လူကြီးဆိုဒ်ဖမ်းကာ ဘုန်းခန့်လေးက ပြောဆိုနေသည်။

သူရိန်က သူကျောက တောင်းကိုချကာ

"ငါတို့ ဘယ်သွားလဲ မင်းကိုပြောစရာလား"

"ဟွန်း! ဖေကြီးနဲ့မေမေက အကြင်တွားယာ တားယို ခေါ်တွားဝူး"

"ခေါ်စရာလား မင်းကရှုပ်တယ်"

"အင့် ဖေကြီးရ ယူချိုး ဝါးးး!!!အင့်"

ပြောကာ ဘုန်းခန့်လေးတစ်ယောက် ငိုချပါတော့သည်။သူရိန်သည် သူသားကို ကြည့်ကာ ရယ်လိုက်ပြီ ကောက်ပွေ့လိုက်သည်။

ထိုအချိန် အိမ်ထဲက ပိန်ပိန်ပါးပါးပုံရိပ်လေးက တိမ်ယံဆီ ပြေးရောက်လာသည်။မင်းခန့်လေးက ပြေးကာ တိမ်ယံခြေထောက်လေးကို ဖက်ကာ မျက်နှာမဲတဲ့တဲ့လေးနှင့်ကြည့်၍ အသံတိုးတိုးဖြင့်

"မေမေ ဘယ်တွားရယဲ"

တိမ်ယံ သားအငယ်လေးကို ကောက်ချီပြီ ပါးပြင်ဖွေးဖွေးလေးကို နမ်းလိုက်သည်။

"သားတို့ စားဖို့မှိုလေးတွေ သွားခူးခဲ့တာ"

သူ အောက်တွင် ချထားသော ခြင်းတောင်းလေးကို လက်ညိုးထိုးပြတော့ မင်းခန့်လေးက ခြင်းတောင်းကို ခဏကြည့်ပြီး တိမ်ယံလည်ပင်းကို တင်းတင်းဖက်၍

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Completed]Onde histórias criam vida. Descubra agora