[Unicode]
အပိုင်း (၁) - သူက နာမည်ကြီးတယ်။
ရေဆာလို့ နိုးလာတာ ဖြစ်လိမ့်မယ်။
Lisa မှာ နိုးနိုးချင်း လည်ချောင်းထဲက မခံမရပ်နိုင်အောင် ခြောက်သွေ့နေတာကို ခံစားလိုက်ရတယ်။
ဒီလိုခံစားချက်မျိုးက သိပ်တော့မကောင်းလှဘူး။ အိပ်ခန်းကပါ မှောင်နေရင် ပိုဆိုးတာပေါ့။
Lisa ခေါင်းအုံးဘေးမှာ ထားထားတဲ့ ဖုန်းကို လှမ်းစမ်းလိုက်ပြီးတော့ ဘေးခုလုပ်က fingerprint sensor ကို ထိလိုက်တော့ တောက်ခနဲ ဆိုတဲ့မြည်သံနဲ့အတူ ဖုန်း screen က ဖြတ်ခနဲ လင်းလာတယ်။ မှောင်ပိန်းနေတဲ့အခန်းထဲ စူးခနဲထွက်လာတဲ့အလင်းကြောင့် သူမှာ မျက်လုံးမှေးပြီးကြည့်ရတယ်။
အချိန် 00:30
ကောင်းရော။ ပိတ်ရက်တွေမှာတောင် Lisa က ည ၁၀ နာရီလောက် အိပ်ရာဝင်ပြီးတော့ မနက် ၆ နာရီလောက် ပုံမှန် အိပ်ရာထနေကြ။ ဒီအချိန်ကြီးနိုးလာတာကတော့ ရက်စက်လွန်းရာ ကြတာပဲ။
နူးညံ့အိစက်နေတဲ့အိပ်ရာပေါ်မှာ တစ်ခဏလောက် အပျင်းကြောဆန့်ပြီးတာနဲ့ Lisa ကုတင်ခေါင်းရင်းက မီးအိမ်ကို မပိတ်ချင် ပိတ်ချင်နဲ့ပိတ်၊ ဂွမ်းစောင်ကို မပြီးတော့ ကွင်းထိုးဖိနပ်ကို စီး၊ အခန်းတံခါးသွားဖွင့်တယ်။
မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံး၊ အိပ်ချင်မူးတူးဖြစ်နေတဲ့ အနေအထားနဲ့ ယိုင်တိယိုင်တိုင် လျှောက်သွားရတယ်။ လျှောက်လမ်းအတိုင်း လျှောက်ပြီးတဲ့နောက်မှာ ဧည့်ခန်းထဲက အမှောင်ကျနေတဲ့ပတ်ဝန်းကျင်ကြောင့် Lisa မှာ အိပ်ချင်စိတ် ပိုဖြစ်ရပြီ။
ဒါပေမယ့် မီးဖိုချောင်တဲ့အဝင် ကောင်တာဘေးမှာ အလုပ်ရှုပ်နေတဲ့ ကျောပြင်ကြီးကို မြင်တော့ Lisa မျက်လုံးက ဆတ်ခနဲ့ ကျယ်သွားတာပဲ။
ဒယ်အိုးနဲ့ တစ်ခုခု ဖုတ်နေတဲ့ပုံ။ ကောင်တာပေါ်မှာ ပုံမကျ ပန်းမကျ ဂျုံမုန့်ပြားနဲ့ ပုံစံခွက်တွေရယ်။ ပြီးတော့ ပန်းကန်ပြားထဲမှာ ရုပ်ဆိုးပန်းဆိုးပုံစံနဲ့.. ကွတ်ကီးတွေများလား။
"နင် ဘာလုပ်နေတာလဲ"
Lisa လက်ကိုပိုက်၊ မျက်ခုံးကို ပင့်မေးလိုက်တယ်။
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanfictionဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.