Unicode
အပိုင်း (၁၃) - နင် ဘယ်သူကို ကြိုက်တာလဲ
ကံကောင်းချင်တော့ ဘေးကအဖွဲ့တွေက ခပ်ဝေးဝေးမှာမို့ နှစ်ယောက်စလုံးလဲကျသွားတဲ့အချိန် ဘယ်သူကိုမှ မထိခိုက်သွားဘူး။ အရမ်းရှက်စရာလည်း ဖြစ်မသွားဘူးပေါ့။ ဒီအဖြစ်အပျက်အားလုံးက စက္ကန့်ပိုင်းလောက်သာ ကြာလိုက်တာမို့ Lisa နဲ့ Jennie တို့ကြားကိစ္စတွေကို မမြင်လိုက်ဘဲ နှစ်ယောက်စလုံး မြေပြင်ပေါ် လဲကျသွားတာကိုပဲ မြင်လိုက်ကြတယ်။
မြေပြင်ပေါ်က မြက်သားက နူးညံ့လေရာ Lisa နောက်ပြန်လန်ကျတဲ့အချိန် အထိမနာခဲ့ဘူး။ ဆုပ်ကိုင်ထားတဲ့လက်တွေက လေထဲမှာတင် ခွာလိုက်ကြတယ်။ Lisa မှာ အာရုံပြန်စုစည်းနိုင်တဲ့အချိန် Kim Jennie ဟာ လက်နှစ်ဖက်ကို သူ့နားရွက်ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ထောက်ထားလို့ အပေါ်ကနေ အုပ်မိုးထားတာကို တွေ့လိုက်ရတယ်။
တစ်ဖက်လူရဲ့အသက်ရှုထုတ်တဲ့လေငွေ့က အေးမျှပြီး ချိုမိန်မိန်နဲ့။ ဒါပေမယ့် အဲ့လေငွေ့တွေက Lisa ရဲ့ပါးပြင်ကို ပွတ်သပ်လာသည့်အခါ ပါးပြင်နှစ်ဖက်လုံး ပူလောင်လာရတယ်။ Lisa မှာ လက်ကိုအလိုလိုဆုပ်မိသွားပြီး အပေါ်ကလူကို ချက်ချင်းတွန်းဖယ်လိုက်ချင်သော်ငှား ဘယ်လိုနည်းနဲ့ ဖယ်ရမလဲဆိုတာ ဦးနှောက်က စဉ်းစားမရ။
လူအုပ်ကြီးထဲမှာ ဒီလိုအနေအထားမျိုးနဲ့လှဲကျသွားတာက အများသတိမထားမိဖို့ခက်တယ်။ ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြတဲ့ အာမေဋိတ်သံကြားဝယ် Kim Jennie က လှစ်ခနဲထလိုက်ပြီး မြေပြင်ပေါ် ထိုင်ချလို့ မြေပြင်ပေါ်မှာ လက်တစ်ဖက်ကို ထောက်ထားလေတယ်။ Kim Jennie ထသွားတာနဲ့ Lisa လည်း မြေပြင်ပေါ်က ချက်ချင်းထပြီး ဘေးမှာဆတ်ခနဲ့ ရပ်လိုက်တော့တယ်။
"ငါ့ကို ကူပေးပါဦး"
Kim Jennie က မြေပြင်ပေါ်မှာ ထိုင်နေရင်းနဲ့၊ ခေါင်းမော့လာပြီး Lisa ဆီကို လက်ကမ်းလိုက်ကာ တစ်ခစ်ခစ်ရယ်နေတော့တယ်။
Lisa ရဲ့နားရွက်နှစ်ဖက်လုံးမှာ တကယ့်ကို ပူလောင်နေပြီ။ သို့ပေမယ့် ခါးကိုင်းလိုက်ပြီးတော့ Kim Jennie ကို ဆွဲထူလိုက်တယ်။
"တောင်းပန်ပါတယ်"
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanficဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.