Unicodeအပိုင်း (၇) - တခြားသူတွေ မလုပ်နိုင်ပေမယ့် အစ်မကတော့ မတူဘူး
မထင်ထားဘူး။ Escape ဂိမ်းအခန်းတွေမှာ အိုင်ကျူ နည်းနည်းလေးတောင် ထုတ်မသုံးတက်တဲ့ Park Chaeyoung မှာ ဒီလို စူးစမ်းဆန်းစစ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်။ တစ်ချက်တည်း ကြည်ရုံနဲ့တင် Kim Jennie နဲ့ နှုတ်ခမ်းနီအရောင်ကို သတိထားမိနေတာ။ Lisa မှာတော့ ဘာမှမသိဘူး ဆိုတဲ့အထာနဲ့ ခေါင်းကို ငုံ့ထားပြီး ဖတ်စာအုပ်ကို ဆက်ဖတ်နေဆဲပါ။ စာတွေ တစ်လုံးမှ ခေါင်းထဲ မဝင်ပေမယ့်လည်းပေါ့လေ။
ဒါပေမဲ့ Park Chaeyoung ဆိုတာ ဘယ်လိုလူမျိုးလဲ။ စိတ်ဝင်စားသွားပြီဆိုတာနဲ့ နှစ်နာရီလောက် မရပ်မနား၊ အတင်းပြောတက်တဲ့ သူလေ။ ဖရဲသီးစေ့စားရတာကို စိတ်ကုန်သွားတက်တဲ့လူမျိုး မဟုတ်ဘူး။
(Note - ဖရဲသီးစေ့ စားတယ်ဆိုတာ တရုတ်မှာဆို အတင်းပြောတာကို ပြောချင်တာပါ။ မြန်မာမှာဆို ကွာစေ့ထိုင်စားရင်း အတင်းပြောကြသလိုမျိုး တရုတ်ကလည်း ဖရဲသီးစေ့စားတယ် ပြောကြတယ်)"အလှလေးက သူ့ကို ပေးထားတဲ့ မနက်စာတွေကို ရှေ့တန်းနဲ့ နောက်တန်းက သူ့ဘော်ဒါတွေဆီ ပေးပစ်နေတယ်ဟ"
"ဒါပေမဲ့ သူကျတော့ နင် ဝယ်ပေးထားတဲ့ မုန့်တွေပဲ စားနေတယ်။ ငါ မသိတော့ဘူးဟ။ နင်တို့တွေ ဘယ်အချိန်ကတည်းက ရင်းနှီးသွားတာလဲ"
"အေးပေါ့လေ။ သူကလည်း လှတာကို။ အထက်တန်း ပထမနှစ် စတက်ကတည်းက ကျောင်းမှတ်ပုံတင်က ပုံနဲတင် လှလွန်းလို့ တစ်ကျောင်းလုံး နာမည်ကြီးခဲ့တာပဲလေ"
"အာ ဒီနေ့ သူ့နှုတ်ခမ်းနီအရောင်က ဘယ်လိုလုပ်ပြီး ပိုလှနေတာလဲ။ တစ်နေရာမှာ မြင်ဖူးနေတယ်။ ဘာများပါလိမ့်။ အာ..."
Park Chaeyoung က ခေါင်းကို ကုတ်ရင်း တွေးဆဆမျက်နှာလေးနဲ့ စဉ်းစားခန်းဝင်နေလေရဲ့။
Lisa နှုတ်လမ်းကို ကိုက်မိသွားပြီး Park Chaeyoung ကို လှမ်းရှိုးလိုက်တယ်။ စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဘောပင်အိတ်ထဲက လက်ကမ်းစာဆောင်တစ်ခုကို ယူလိုက်ပြီး Park Chaeyoung ဆီ ပြလိုက်ကာ ပြောလိုက်တယ်။
"နယ်ဆန် လမ်းမှာ ဆိုင်အသစ် ဖွင့်တယ်တဲ့။ ပိတ်ရက်ကြရင် သွားစားကြည့်ရအောင်"
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanfictionဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.