Unicode
အ
ပိုင်း (၁၀) - သူများကို အနိုင်ကျင့်သွားကြတယ်တယ်
"ဟက်ချီး"
Park Chaeyoung မှာ ဘေးဘက်ကပြတင်းပေါက်တွေ ပိတ်ထားတာတောင် အဆက်မပြတ်နှာချီနေတုန်းပဲ။ထိုအခိုက် စားပွဲဘေးရဲ့လျှောက်လမ်းမှာ ထိုင်နေတဲ့ Kim Jisoo ဟာ ပါးစပ်ထဲ ပီဇာကို ကိုင်ထားရင်းနဲ့ ဘေးဘက်ကို မသတီဘူးဆိုတဲ့မျက်နှာပေးနဲ့ ရွေ့ထိုင်လိုက်လေရဲ့။ ပြီးတော့ Park Chaeyoung အတွက် တစ်ရှူးကို ဆွဲယူပေးလိုက်တယ်။
Park Chaeyoung တစ်ရှူးနဲ့ နှာခေါင်းကို အုပ်လိုက်ပြီးတော့ ဘေးမှာ ပီဇာစားနေတဲ့ Lisa ကို ကြည်လိုက်တာ။ နှာခေါင်းကို ပွတ်သပ်ရင်းနဲ့
"လီလီ နင် ညစ်ပတ်လိုက်တာ.. တခြားသူရဲ့ကိုယ်ရနံ့ကိုတောင် ရနေသလိုကြီး"Lisa မှာ မှင်သက် အံ့အားသင့်သွားတာမို့ ပါးစပ်ထဲက အချိုရည်ကိုတောင် ထွေးထုတ်မိတဲ့အထိ။
"အဟွန့် အဟွန့်"
Kim Jisoo ကတော့ လျင်လျင်မြန်မြန်နဲ့ မျက်စိရှေ့က မုန့်တွေကို ကယ်တင်လိုက်ရတယ်။ နောက်ထပ်တစ်ရှူးတစ်ရွက်ကို Lisa ဆီ ကမ်းပေးလိုက်ပြီးတော့
"Chaeyoung ရာ အစာစားနေရင် စကားကြည့်ပြောပါဟ""ဘာမှလည်း မသိဘဲနဲ့.. လာပဲဆူနေတယ်"
Park Chaeyoung လည်း ပြောပြောဆိုဆိုနဲ့ ဟွန်းလို့ လုပ်ပြလိုက်ပြီးတော့ Lisa ကို သတိထားအကဲခတ်လိုက်တယ်။ Lisa ဆီက တစ်ခုခုသိရမလား စူးစမ်းတဲ့သဘောပေါ့။Lisa ဟာ တစ်ရှူးကိုယူပြီး ပါးစပ်ကို သုတ်နေဆဲ။ သူ့မျက်ခုံး၊ မျက်လုံးက လုံးဝကြည်လင်နေပြီး အေးတိအေးစက်ဖြစ်နေပေမယ့် ဆွဲဆောင်မှုအပြည့်ရှိနေတယ်။ တည်ငြိမ်မှုတွေကလွဲရင် တခြားဘာခံစားချက်ကိုမှ အကဲခတ်လို့မရ။ လှုပ်ရှားမှုတွေကလည်း သိမ်မွေ့ညင်သာလို့နေပြီး ခုနက ဖြစ်သွားခဲ့သည်များက ပုံရိပ်ယောင်သာသာလိုသာ။
ဒီလိုမျက်လုံးအကြည့်မျိုးက အတွေ့ရှားလှတယ်။ တောက်ပနေသော မျက်လုံးအရောင်အောက်တွင် တစ်ခုခုကို ဖုံးကွယ်ထားသလို ရှိတာမို့ လူကို ခတ်မှန်းရခက်စေတဲ့ခံစားချက်မျိုး ပေးစွမ်းလေ့ရှိတယ်။ Lisa ရဲ့စိတ်နေစိတ်ထားကလည်း အဲ့အတိုင်းပဲလေ။ ခံစားချက်တွေကို ရင်ဖွင်တယ်ဆိုတာမျိုးက Lisa လုပ်လေ့ရှိတဲ့အရာမျိုး မဟုတ်ဘူးရယ်။ ရုပ်တည်ကြီးနဲ့ ဘာခံစားချက်ကိုမှ မပြတတ်သူသာ။
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanficဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.