အပိုင်း (၂) - သူ လှတယ်မလား

902 121 9
                                    

[Unicode]


အပိုင်း (၂) - သူ လှတယ်မလား

လူအုပ်ကြားထဲမှာရှိနေတဲ့ ‌အလှလေးရဲ့ ရောင်ခြည်စက်ဝန်းထဲ ကျဆင်းနစ်မြှောသွားသလိုပါပဲ။ Kim Jennie က ဘေးမှာ မိန်းကလေးနှစ်ယောက်ခြံရံနေပြီးတော့ အရှေ့‌မှာ‌ အရပ်ရှည်ရှည်ကောင်လေးနှစ်ယောက်ပါတယ်။ တူညီကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လူအုပ်ကြီးကြားမှာ ရောရောနှောနှောရှိနေပေမယ့် မျက်နှာလေးက မှင်သက်ဖွယ်ကောင်းလွန်းနေပြန်တယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ တစ်မူထူးခြားတဲ့ တက်ကြွချိုမြိန်မှုတွေ အပြည့်အဝနဲ့။ Lisa ကတော့ သာမာန်ကာလျှံကာ လှမ်းကြည့်လိုက်ပြီးတော့ အကြည့်ပြန်လွှဲလိုက်တယ်။ ဘေး‌က သကောင့်သား Luca ဟာ မျက်လုံးကျွတ်ကျမတက် ကောင်မလေးကို ငမ်းနေတာ မြင်လိုက်ရလို့ Lisa ရဲ့ နှုတ်ခမ်းစွန်းတစ်ဖက် ကော့တက်သွားတယ်။

ဘာကြောင့်များပါလိမ့်။ ဘယ်လိုပဲဖြစ်နေပါစေ Luca ဆိုတာ ကျောင်းမှာ နာမည်ကြီးခန့်ချောကောင်လေးတစ်ယောက်ပဲလေ။

မျက်နှာလေးက ‌ချောနေလို့သာ တော်ရော့တယ်။ မဟုတ်ရင် အခုဖြစ်နေတဲ့ ရူးတူးတူး ပေါတောတောမျက်နှာကို Lisa ရေနဲ့ လှမ်းပတ်လိုက်မိမှာ။ အသိစိတ်ပြန်ဝင်သွားအောင်လေ။

"ဟဲ့ တော်လောက်ပြီနော်"
Lisa စိတ်မရှည်၊ လက်မရှည် လှမ်းသတိပေးလိုက်တယ်။

ဒါပေမဲ့လည်း ဒီသကောင့်သားဟာ စိတ်ကူးထဲ နစ်မြှောနေသလိုမျိုး အသိစိတ်လွတ်၊ ဆက်ငမ်းနေဆဲ။

Luca ရဲ့မြင့်မားလှတဲ့အရပ်ကြီးကြောင့် လူအုပ်ကြားထဲမှာဆို ထင်လွန်းနေတယ်။ ပြီးတော့ Kim Jennie တို့အုပ်စုကလည်း သူတို့မောင်နှမရပ်နေတဲ့ဘက်‌ကနေ ကျောင်းထဲကို ဝင်ကြမှာ။ Lisa မှာ အနောက်က ရယ်သံတွေက ပိုနီးလာလေလေ ပိုရှက်လာလေလေပဲ။

အငမ်းလွန်နေတဲ့ကောင်ကို အဖက်မလုပ်ချင်တော့တာနဲ့ Lisa မှာ ကိုယ့်ခြေထောက် ကိုယ်သာကြွပီး အရင်သွားဖို့ လုပ်ရတယ်။ ဒါပေမဲ့ အနောက်ကနေ သူ လွယ်ထားတဲ့ ကျောင်းကျောပိုးအိတ်ကို လာဆွဲပြန်ကော။

"…"

Luca... ဒီခွေးကောင် ရုတ်တရက်ကြီးရူးသွားတာများလား။

ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)Where stories live. Discover now