Unicode
အပိုင်း (၁၅) - သူ့အောက်မှာရှိရတာကို ငါကျေနပ်တယ်လေ
အခေါ်ခံလိုက်ရတဲ့ကောင်လေးဟာ ဘောလုံးကို လက်ထဲတွင် ပုတ်နေရင်း မျက်နှာက ရွှန်မြူးသွားရလျက်။ လက်ညှိုးနဲ့ လက်ခလယ်နှစ်ချောင်းဖြင့် အလေးပြုသလို Kim Jennie ဆီ လက်ယမ်းပြလိုက်ရဲ့။ သူ့ကိုယ်သူ အတော်ခန့်ညားနေတယ်လို့ အထင်ရောက်နေတဲ့ပုံ။ Kim Jennie ရဲ့ဘေးမှာ ထီးဆောင်းထားရင်း ရပ်နေတဲ့ Lisa ခဗျာ ဘေးပတ်ပတ်လည်က စိုက်ကြည့်နေကြတဲ့အကြည့်တွေကြောင့် ကျောပြင်တစ်လျှောက် စိမ့်တက်သွားရတဲ့အထိ။ ပူအိုက်နေတဲ့ရာသီဥတုက ရုတ်တရက် ချမ်းစိမ့်လာသလိုတောင် ခံစားလာရတယ်။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ယောက်ယောက်က ရှေ့တက်လာပြီး Kim Jennie ကို ဟိုဘက်ခြမ်းကို ကြွပေးပါလို့ သတိပေးလာတဲ့လူ မရှိနေဘူးရယ်။
တစ်ဖက်အဖွဲ့က အားပေးနေတဲ့မိန်းမလှလေး ရှိနေပြီမို့ စိတ်ဓာတ်တွေ မိုးပေါ်ထောင်တက်သွားပြီး နောက်ပိုင်းအမှတ်တွေလည်း ဆက်တိုက်ရလာခဲ့တယ်။ Kim Jennie ကလည်း တစ်ဖက်အဖွဲ့က အမှတ်ရတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ကို အားပေးနေတယ်။
ပြိုင်ပွဲပြီးတဲ့အချိန် Luca ခဗျာ မျက်ရည်တွေ ဘူးသီးလုံးလုံးကျလို့။ မျက်နှာကြီးအုပ်ပြီး ပြေးထွက်သွားရရှာတယ်။ ဒါပေမယ့် အမှတ်တွေ သိမ်းကျုံးယူနိုင်ခဲ့တဲ့ ကောင်လေးဟာ ယုံကြည်မှုရှိရှိနဲ့ Kim Jennie ဆီလျှောက်လာခဲ့တယ်။
"ဟေး WeChat လေး အပ်လို့ရမလား"ခုနက အားကြိုးမာန်တက် အားပေးနေခဲ့တဲ့ Kim Jennie ဟာ ချက်ချင်းပင် လေသံပြောင်းသွားပြီး အေးတိအေးစက်ဟန်ပန်နှင့် ပြန်ပြောလိုက်တယ်။
"စိတ်မကောင်းပေမယ့် မရပါဘူးနော်"အားကစားကွင်းမှာ တပ်ထားတဲ့ ဘဲလ်ကနေ ကျောင်းတက်အချက်ပေးသံမြည်လာတာမို့ တကွဲတပြားဖြစ်နေတဲ့ ကျောင်းသားများက ပြန်စုစည်းသွားကြပြီးတော့ စာသင်ခန်းအဆောက်အအုံဆီ ပြန်သွားကြတော့တယ်။
Park Chaeyoung တစ်ယောက် ကွင်းတစ်ဖက်ကနေ လျှောက်လာချိန် Kim Jennie နဲ့ Lisa တို့နှစ်ယောက် ထီးတစ်ချောင်းကို အတူတူဆောင်းရင်း ရပ်နေတာကို မြင်လိုက်ရတယ်။
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanficဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.