Unicode
အပိုင်း (၁၄) - နင် ဘက်မှားနေသလားလို့သောင်းသောင်းဖျဖျအားပေးနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် Lisa နည်းတူ ငြိမ်ကျသွားလျက်။ လူအုပ်ကြီးမှာ Kim Jennie ကို နေရာဖယ်ပေးတဲ့အနေနဲ့ ဘေးဖယ်သွားကြလေရာ ပုံမှန်အရပ်ထက် ပိုရှည်နေသော သူရဲ့ခန္ဓာကိုယ်လေးဟာ လူအုပ်ထဲတွင် ထင်းထွက်နေသယောင်။ Kim Jennie ဟာ Lisa ကို စွေကြည့်နေသောကြောင့် နေရောင်အောက်တွင် အနှီးမိန်းကလေးရဲ့မျက်တောင်များက အရိပ်ငယ်သဖွယ် ဖြစ်နေတော့တယ်။
ခုနက Kim Jennie ဘတ်စကတ်ဘောကွင်းကို ဖြတ်သွားတဲ့အချိန် Lisa တက်တက်ကြွကြွပြေးသွားတာကို မြင်လိုက်ရတယ်။ Lisa က အပျော်အပါးတွေကို စိတ်မဝင်စားသူလို့ Kim Jennie ထင်မိတာမို့ သိချင်စိတ်နဲ့ လိုက်ကြည့်ကြည့်ခြင်းပါ။
Kim Jennie လုံးဝ မထင်ခဲ့မိတာက Lisa အလျင်စလိုပြေးသွားတာက ကောင်လေးတွေ ဘတ်စကတ်ဘောကစားနေတာကို သွားကြည့်ဖို့တဲ့။ တက်တက်ကြွကြွ အားပေးနေတဲ့လူအုပ်ကြီးထဲမှာ စက္ကူကတ်ပြားကြီးကိုတောင် ကိုင်တောင်ထားသေးတယ်။
Kim Jennie ရဲ့ ရင်ထဲ နည်းနည်းတောင် စိတ်ခုသွားသလို။
လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ Lisa က သူ့ကို ထီးပေးပြီး milk tea လာပို့ပေးထားတာ မဟုတ်ဘူးလား။
Lisa လက်ထဲက စက္ကူကတ်ပြားကို ဆွဲယူလိုက်ပြီးတော့ Kim Jennie လည်း ဘေးက ကောင်မလေးရဲ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ အပြုံးလေးနဲ့ ...
"နင်ပြောတာ ဟုတ်တယ်.. လူက မပြတ်မသားဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲ"ကောင်မလေးက အတော်ကို ပျော်သွားတဲ့ပုံ။
ကစားပွဲက ဆက်ပြီးအရှိန်တက်လာခဲ့တယ်။ လက်ခုပ်သံများ၊ အားပေးသံများနှင့် တဒုန်းဒုန်းထုသံတို့နှင့် ဆူညံနေလျက်။ ခဏအကြာ တခြားဖက်က ဂိုးဝင်သွားတာမို့ ဆန့်ကျင်ဘက်အရပ်ကနေ ဩဘာပေးသံများနှင့် ဆူညံသွားတော့တယ်။
Kim Jennie လည်း ရှေ့ကိုနှစ်လှမ်း လှမ်းလို့ Lisa ဘေးမှာ ရပ်လိုက်ပြီး ကစားပွဲကို စိတ်ဝင်စားလေဟန်နဲ့ လှမ်းကြည့်လိုက်တယ်။ သူမြင်ရသလောက်တော့ မျက်စိကျစရာ ကောင်လေးနှစ်ယောက်လောက်ပဲ တွေ့သလားလို့။
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanficဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.