[Unicode]
အပိုင်း (၉) - အဖြောင့်ကောင်လေးရဲ့အကြံအစည်
ဖြစ်လာသမျှက လုံးဝ မထင်မှတ်ထားတွေ ဖြစ်နေခဲ့တာ။ Lisa အသိစိတ်ပြန်ကပ်နိုင်တဲ့အချိန်မှာ အဆောက်အအုံအပြင်ဘက်ရဲ့ လှေကားကိုတောင် ရောက်နှင့်ပြီးပြီ။ မိုးရေတွေကလည်း ထီးပေါ် တဖျောက်ဖျောက်ကျလို့။ သူ့လက်မောင်းကို နူးညံ့လှတဲ့အားတစ်ခုက ဆွဲထားပြီး၊ တစ်ဖက်သူရဲ့ခန္ဓာကိုယ်ကနေ ဖြတ်သန်းလာတဲ့အပူချိန်ကို အင်္ကျီစအပါးလေးကနေတစ်ဆင့် ခံစားမိတယ်။ သူ့လက်ချောင်းတွေက တုန်တုန်ယင်ယင်ဖြစ်နေပေမယ့် လက်မောင်းကတော့ လှုပ်မရနိုင်လောက်အောင်တောင့်တင်းနေလျက်။
Lisa က မိန်းကလေးသူငယ်ချင်းတွေနဲ့တောင် တအားနီးနီးကပ်ကပ်နေတတ်တဲ့လူ မဟုတ်ဘူး။ သူ့ကို လာလာဖက်တက်တဲ့ Park Chaeyoung ကိုတောင် တွန်းထုတ်ပစ်တာမျိုး။
မိန်းကလေးအချင်းချင်း ရင်းနှီးမှုကို ဖော်ပြတဲ့အနေနဲ့ ဖက်တာ၊ လက်တွဲတာက သာမာန်ဆိုပေမယ့် Lisa အတွက်တော့ သဘာဝမကျဘူးရယ်။
လက်တစ်ဖက်မှာ ထီးလက်ကိုင်ကို ကိုင်ထားရင်း အနောက်ကိုလှည့်ကာ Luca ကို ရှာမိတယ်။ ဒါပေမယ့် အနှီးမျောက်ရဲ့အမြီးတောင် မတွေ့။
"ဘာတွေ ကြည့်နေတာလဲ"
Lisa ရဲ့ညာဘက်ပုခုံးက ခပ်သာသာအဆွဲခံလိုက်ရလေရဲ့။ သူ့လည်တိုင်ကို လာရိုက်ခတ်တဲ့ ခပ်နွေးနွေးလေငွေ့ရယ်၊ ချိုမျှမျှအသံနဲ့အတူ ပူရှိန်းလိုကိုယ်သင်းရနံ့လေးတွေက Lisa ရဲ့စိတ်အာရုံကို လာကြည်စယ်တော့ သူမှာ ချက်ချင်းပဲ ခေါင်းပြန်လှည့်လိုက်ရတယ်။ ဦးနှောက်က မစဉ်းစားနိုင်ခင်မှာ ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်မိသလိုမျိုး။
Kim Jennie ကလည်း Lisa ပုခုံးပေါ် မေးတင်လိုက်ရင်း အားပြုမှီလိုက်တယ်။ အဲ့အချိန် တစ်ဖက်သူရဲ့မျက်နှာက သိသိသာသာပျက်ယွင်းသွားတာကို မြင်လိုက်ရတော့ Jennie မှာ နှုတ်ခမ်းကိုကွေးညွှတ်လို့ ပြုံးလိုက်မိတယ်။
"Lisa"
Kim Jennie ဟာ Lisa ကို ခေါင်းမော့ကြည့်လိုက်ပြီး၊ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လို့၊ ဆွဲဆောင်မှုရှိလှတဲ့အပြုံးနဲ့ မေးလိုက်တယ်။
"နင် ငါ့ကို ကြည့်မရဘူးမလား"
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanficဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.