[Unicode]
အပိုင်း (၈) - ငါ့ဆီ လာပေးတာလား
မိုးက ဆက်ရွာနေတုန်းဆိုပေမယ့် တဖြည်းဖြည်းစဲသွားတာမို့ တံစက်မြိတ်ပေါ်ကျနေတဲ့ မိုးအရှိန်က လျော့လာတယ်။ ဒါပေမယ့် မိုးကျတဲ့ တဖျောက်ဖျောက်အသံတွေတော့ ရှိနေတုန်းပဲ။ ထီးမပါလို့ ပထမထပ်မှာ ရပ်စောင့်နေတဲ့ ကျောင်းသားတွေ တဖြည်းဖြည်းများလာခဲ့ကာ သူတို့တွေရဲ့စကားပြောသံနှင့် မိုးရွာသံနဲ့ရောပြီး ပတ်ဝန်းကျင်က တဖြည်းဖြည်း ဆူညံလာခဲ့တယ်။
"အဓိပ္ပါယ်မရှိတာ"
တအုန်းအုန်းဆူညံနေတာမို့ Lisa လည်း အသံကို မြင့်ပြောလိုက်တယ်။ မျက်ခုံးကလည်း တွန့်ချိုးလို့။
"အရင်တစ်ခေါက် နင့်ကို ကူညီပေးတာ အဲ့တစ်ခါပဲရမယ်.. နင် ထပ်ပြီး အခွင့်ရေးမယူနဲ့... ကောင်မလေးကို လိုက်ပိုးနေတာ နင်မဟုတ်ဘူးလား... ငါလိုက်ပို့နေတာ မဟုတ်ဘူး""ကျွန်တော်ပါ.. ကျွန်တော် လိုက်ပိုးတာ ဟဲဟဲ"
Luca သွားတွေကို ဖြဲပြလို့။ ပေါ်ကြောင်ကြောင်နဲ့ ရယ်ပြလာတယ်။ ပြီးတော့ ဦးနှောက် ပျက်စီးသွားတဲ့လူပမာ ဒီလိုအရေးမပါတဲ့စကားတွေကို ခပ်တိုးတိုး ဆိုလာခဲ့သေးတယ်။
"ဒါပေမယ့် အစ်မ သူ့ကို လိုက်ချင်တယ်ဆိုရင်လည်း ကျွန်တော်ကူညီပေးမှာပါ"ပေါက်တက်ကရ...
ထူးထူးဆန်းဆန်းအတွေးတွေ တွေးတက်တဲ့ ဒီကောင်နဲ့ ရန်ဖြစ်ရမှာကို Lisa လည်း ပျင်းရိနေပြီ။ ဒါပေမယ့် Luca ရဲ့စကားတွေကို ခဏလောက်တွေးကြည့်လိုက်ပြီးတာနဲ့ စကားလိမ်တွေ ရှိနေတာ၊ တစ်ခုခု ပုံမှန်မဟုတ်နေတာကို Lisa သတိထားမိသွားတယ်။ တစ်ဆက်တည်းမှာလည်း မျက်ခုံးတွေကို အစွန်းဆုံအထိ ကျုံ့မိသွားရဲ့။
"နောက်တာပါ ဟဲ ဟဲ.."
Luca ကလည်း Lisa ရဲ့ စိတ်အခြေအနေကို သတိထားမိလိုက်တာမို့ မြန်မြန်လှုပ်ရှားတော့တာ။
"ဒီတစ်ခါလောက်ပဲ ကူညီပေးပါလား.. ကျွန်တော်လည်း အကြောင်းသိနေလို့ အကူအညီတောင်းရတာ.. နီနီက ကျွန်တော်ပေးတဲ့ ထီးဆို သေချာပေါက်ငြင်းမှာဗျ.. တခြားကောင်တွေရဲ့ ထီးကိုလည်း သေချာပေါက် ယူမှာမဟုတ်ဘူး"Lisa လည်း အဲ့တာကို သတိထားမိပါတယ်။
"အဲ့တော့... နင်က ငါကို သူ့ဆီ ထီးသွားပေးစေချင်တာလား"
YOU ARE READING
ငါ့မောင်ရဲ့နတ်သမီးလေးက ငါ့ကိုကြွေဆင်းနေတယ်တဲ့ ဘယ်နှယ့်လုပ်ရပါ့ (MM Translation)
Fanficဒါလည်း Translation ပဲ။ This story is not mine. I Just Translate it and convert it into Jenlisa Fanfic. All contents belong to orginal author.