Part 1 (Zawgyi)

299 6 0
                                    

အချိန်သည်ကား ည ၈နာရီခွဲအချိန်

ယ‌နေ့ညတွင် မိုးက သည်းထန်စွာရွာသွန်းနေသော
ကြောင့်

အငြှိုးတကြီးကျဆင်းနေသော မိုးရေစက်သံများကလွဲရင်

ပတ်ဝန်းကျင်၌ အပ်ကျသံမှပင်မကြားရသော

လူချမ်းသာတွေနေသည့် ဆိတ်ငြိမ်ရပ်ကွက် တစ်ခုအတွင်းရှိ

သုံးထပ်တိုက်အိမ်ကြီးတစ်လုံး၏ ထမင်းစားစားပွဲ၌



ဝါဝါအမျှင်‌တွေမြင်လို့သာ ခေါက်ဆွဲဟု ဆိုနိုင်သော

ဖြစ်သလိုပြုတ်ထားသော ခေါက်ဆွဲတစ်ပန်းကန်အား

ဂိမ်းဆော့ရင်း အားနေသည့် လက်တစ်ဖက်ဖြင့်တူကိုကိုင်ကာ

ပျင်းတိပျင်းတွဲစားနေသော ကောင်လေးတစ်ယောက်ရှိသည်။



ခေါက်ဆွဲပြုတ်ကိုတောင် ခေါက်ဆွဲပြုတ်ရုပ်မပေါက်အောင်
ပြုတ်နိုင်သည့်

အနှီပါရမီထူးသည့် လူသားသည်ကား

တပါးသူမဟုတ်တဲ့ တစ်မိုးအောက်တစ်ယောက်

" ပတ် ဆောင်း ဟွန်း "


ဆောင်းဟွန်း၏ ခေါက်ဆွဲပြုတ်စကေးကိုသာကြည့်ပြီး

အထင်‌တော့ မစမော(small) လိုက်ပါပေနှင့်

ခေါက်ဆွဲပြုတ်စားနေတဲ့ ထိုသူဟာ

ဘယ်ဘက်ကကြည့်ကြည့် Visual God တစ်ယောက်ဖြစ်သည်



ထိုသူမဟုတ်တဲ့ တပါးသူသာဆို အလွန်ပင်မလိုက်မဖက်ဖြင့်

ကြည့်ရဆိုး‌နေ‌လောက်မည့် ငွေမင်ရောင် ဆံနွယ်များဟာ

အနှီ ပတ်ဆောင်းဟွန်းဆိုသူ၏ ဦးခေါင်းထက်၌ မြင်ရသောအခါတွင်တော့

ရင်သပ်ရှုမောစရာကောင်းအောင် လိုက်ဖက်လို့နေသည်


ပြေပြစ်၍ မကျဉ်းမကျယ်သော နဖူးပြင်

ဖြောင့်စင်းသောနှာတံချွန်ချွန်နှင့်

အမြဲလိုလိုတစ်တန်းတည်းဖြစ်အောင် တည်တင်းနေတတ်သော နှုတ်ခမ်းပါး

လေးနက်ဟန်ပေါ်သော မျက်ဆံနက်နက်များနှင့်

ထိုသူဟာ ကြွေရုပ်တစ်ရုပ်ချထားသည့်အလား

ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now