Part 7 (Unicode)

561 81 10
                                    

အနက်ရောင်ဆိုင်ကယ်တစ်စီးမှာ တက္ကသိုလ်၀င်းထဲမှလျင်မြန်စွာဖြင့် မြှားလေးတစ်စင်းပစ်လွှတ်လိုက်သည့်နှယ် အရှိန်ဖြင့်ထွက်လာသည်။

ဂျယ်ယွန်းက ဆိုင်ကယ်ပေါ်လိုက်လာသော်လည်း အခုချိန်ထိဆောင်းဟွန်း ကိုမထိမကိုင်ဘဲ ဆိုင်ကယ်အနောက်ဘက်ပိုင်းကိုသာ မြဲနေအောင်ဆုပ်ကိုင်ထားသည်။

ခေါင်းမာသော ဂျယ်ယွန်း အကြောင်းဆောင်းဟွန်းကသိတာမို့ စိုးရိမ်စွာဖြင့်

"ပြုတ်မကျချင်ရင် ကျွန်တော့်ကိုကိုင်ထားသင့်တယ်ထင်တယ်နော်"


"မကိုင်နိုင်ဘူး မင်းဆိုင်ကယ်ပေါ်ရောလိုက်ချင်လွန်းလို့လိုက်လာတယ်များထင်နေလို့လား ခုနကပြောတော့ တစ်မောင်မောင်နဲ့ အချဉ်ပေါင်း‌သည်ကြီးကျနေတာပဲ အခုကျတော့ ကျွန်တော်ပြန်ဖြစ်သွားရော တော်တော် စိတ်မမှန်တဲ့အကောင်"


သူ့ဆိုင်ကယ်နောက်ကထိုင်ကာ သူ့ကိုကျိန်ဆဲနေသူကြောင့်
ဆောင်းဟွန်း ရီချင်လာမိသည်။


"‌ဪ ဂျယ်ယွန်းက ကျွန်တော်လို့ ပြောတာထက်
မောင်လို့ ပြောတာကိုကြားချင်‌ေနတာလား

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ မောင်ကလဲဂျယ်ယွန်းကမောင့်ကို
မောင်လို့ခေါ်တာကိုကြားချင်တာပဲ"


"ကြားချင်စရာလား ဝေးသေး
သွားသေလိုက်လေ သေတောင်မခေါ်ဘူး"


"ဟားဟား ဂျယ်ယွန်းကလဲဆိုးလိုက်တာဗျာ

တဆိတ်ရှိ‌ေသပဲသေခိုင်းမနေနဲ့ ဒီကကောင်သေရင် ခင်ဗျားပဲ ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးဖိုဖြစ်ပြီး ကျန်ခဲ့မှာ"



ဆောင်းဟွန်းက ဂျယ်ယွန်းဘက်သို့ခေါင်းစောင်းကာပြောလာတာကြောင့်ဂျယ်ယွန်းက ဆောင်းဟွန်း ဂျာကင်ကိုဆုပ်ကိုင်ကာကြောက်လန့်တကြားအော်ဟစ်သည်



"ပတ်ဆောင်းဟွန်း!!! ငါမသေချင်ဘူးနော်

စကားလှည့်ပြောမနေနဲ့လေ
ဆိုင်ကယ်ကို အရှေ့တည့်တည့်ကြည့်ပြီးသေချာမောင်းစမ်းပါ"



" ဂျယ်ယွန်းဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်ပါဘူးဗျာ
ကျွန်တော့်ကိုယုံ   အာ...မဟုတ်ဘူး
မောင့်ကိုယုံ"



ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now