Part 3 (Zawgyi)

186 11 0
                                    

ညဥ့်အချိန်ကိုကျော်လွန်၍ နေ့သစ်တစ်ခုကို အစပြုလို့

မနက်မိုးသောက် အလင်း‌ရောက်ခဲ့ပြီဖြစ်သည်


မနေ့ညအ‌စောပိုင်းက ‌သည်းထန်စွာ ရွာသွန်းထားခဲ့သော မိုး‌ကြောင့် စိုစွတ်နေသောပတ်ဝန်းကျင်မှာလဲ

မနက်အစောပိုင်းပင်ဖြစ်လင့်ကစား

အရှေ့အရပ်မှထွက်ပေါ်လာသော သူရိန်နေမင်း၏ အစွမ်းကြောင့် လုံးဝကို ခြောက်သွေ့နေပြီဖြစ်သည်


အငြှိုးတကြီး သက်ဆင်းခဲ့သော မိုးစက်များမှာ ‌

ယခုတွင်တော့ ဘာမှမဖြစ်ခဲ့သည့်အတိုင်း ခြေရာလက်ရာပင်မကျန် အစအ‌နပျောက်လျက်

လူချမ်းသာတွေ‌နေတဲ့ ရပ်ကွက်မို့ ဆိတ်ငြိမ်ခြင်းဟာ

ပြယုဂ် တစ်ခုဖြစ်သော်လည်း

ယခုလိုမနက်အစောပိုင်းတွင်တော့ သူသူငါငါ သက်ဝင်လှုပ်ရှားလျက်ရှိကြစမြဲပင်။

ထိုရပ်ကွက်အတွင်းမှ ပန်းရောင် သုံးထပ်တိုက်အိမ်ကြီး၏

အိမ်အပြင်ဘက်တွင် လမ်းမထက်က အလုပ်သွား ကျောင်းသွားကြသည့် ကားသံ လူသံများဖြင့် ဆူညံနေသလောက်

အိမ်အတွင်းဘက်တွင်မူ တစ်အိမ်လုံး မည်သူမျှမရှိသည့်အတိုင်းပင် အသံတစ်ခုမှမထွက်ဘဲ တိတ်ဆိတ်လျက်


အိမ်အပေါ်ထပ်က တစ်ခု‌သောအိပ်ခန်းတွင်

အိမ်တစ်လုံးလုံးတွင်ရှိသော သက်ရှိဆိုလို့ သူတို့နှစ်ဦးတည်းသာဖြစ်သော လူသားနှစ်ဦးဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်ရှိသည်


နက်စွေးနေသော အိပ်ရာထက်တွင် ပူးကပ်၍ အိပ်ပျော်နေကြသော အဖြူရောင် ပုံရိပ်လေးနှစ်ခု က ထင်းလျက်

အဖြူရောင် အရိပ်လေးဟုဆိုခြင်းမှာ နှစ်ဦးသား၏ ဖြူဝင်းသောအသားရည်ကြောင့်သာဖြစ်ပြီး

ဝတ်ထားသော အနက်ရောင်အ၀တ်အစားများကိုတော့ မဆိုလိုပါချေ။


အနက်ရောင် Shirt အကျီ ပွပွကြီးကို ၀တ်ထားသော ကောင်လေး ‌ခေါင်းအုံး၍ အိပ်နေသည်မှာ မာတောင့်သော အနက်ရောင်အရာတစ်ခု။


ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now