Part 4 (Unicode)

587 88 4
                                    

တည်တံ့၍ မာထန်သော မျက်နှာထားများဖြင့်

မာမားနှစ်ယောက်မှာ အိမ်ထဲကထွက်လာပြီး

ခြံထောင့်က ကားဂိုထောင်မှာ ရပ်ထားတဲ့ ကားနားသို့သွားလိုက်သည်

ထို့နောက် ကားတံခါးကို ခပ်ပြင်းပြင်း ပ်ိတ်သံနှင့်အတူ
နှစ်ယောက်လုံး ကားထဲသို့၀င်သွားကြသည်

ကားထဲတွင် အလာတုန်းကအတိုင်း ပတ်မာမားက
မောင်းသူနေရာတွင် နေရာယူထားသည်

ပတ်မာမားက ကားစက်နှိုးဖို့ရာ ကားသော့ကိုကိုင်ထားရင်း
လက်တစ်ဖက်ကို မြှောက်လိုက်သည်။

ထိုစဉ် မြှောက်ထားတဲ့ ပတ်မာမားရဲ့လက်တစ်ဖက်ကို

လာရောက်ဆုပ်ကိုင်တဲ့ ရှင်းမာမားရဲ့ လက်နှစ်ဖက်

ပတ်မာမားက ခေါင်းကိုဘေးသို့ စောင်း၍ကြည့်လ်ိုက်ရာ
မျက်လုံးချင်း အကြည့်ချင်းစုံသွားသည်

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

ပတ်မာမား : "အားးးးးး(⁠ ⁠≧⁠Д⁠≦⁠)"

ရှင်းမ်မာမား : "အားးးးးး(⁠ᗒ⁠ᗩ⁠ᗕ⁠)"


ကားထဲမှ ‌အားခနဲ အော်သံကြီးများကြောင့်

ခြံထဲတွင် ငုတ်တုတ်လေးထိုင်ကာ မြက်ပင်ညှပ်နေသည့်

ခြံစောင့်ဦးလေးကြီး ခမျာ လန့်ဖြန့်ကာ ဖင်ထိုင်ရက်လေးပြုတ်ကျသွားသည်


နှစ်ယောက်သားဟာ တစ်ယောက်နဲ့တစ်ယောက် ဆွဲမွှေယမ်းပစ်နေတာကြောင့် ပတ်မာမားဆို ချထားတဲ့ ဆံပင်တွေပါယမ်းခါကုန်သည်

ထို့သို့ဖြင့် နှစ်ယောက်စလုံး ခေါင်းမူးသွားခါမှ ‌တစ်ယောက်နှင့်တစ်ယောက် ဆွဲယမ်းနေသည်အား ရပ်လိုက်ကြသည်



ပတ်မာမား : " နောက်ဆုံးတော့...နောက်ဆူံးတော့

ငါတို့သားတွေ တကယ်ကြီး ဂေးသွားခဲ့ပြီတဲ့လား ><"



ရှင်းမာမား : "ဒါပေါ့ ငါတို့ရဲ့ သားတွေကို ပေးစားမယ်ဆိုတဲ့

ငါတို့အိပ်မက်‌ေလးလဲ အမှန်တကယ်ဖြစ်လာခဲ့ပြီ

သူငယ်ချင်း(⁠っ⁠˘̩⁠╭⁠╮⁠˘̩⁠)⁠っ"



ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now