Part 10 (Unicode)

1.1K 104 39
                                    

ဆောင်းဟွန်းက ယူနာတိုက်ခန်းမှ ခြေလှမ်းကြဲကြီးများဖြင့်ထွက်လာပြီး ဆိုင်ကယ်‌ေပါ်မတက်မီ ထိုနားတွင်ပင် ရပ်ကာ လက်ထဲမှ ဖုန်းကို ကြည့်လိုက်သည်။

သူ့လက်ထဲရှိဖုန်း၏ screen ထက်တွင် ယူနာ သူ့ကို ပို့ထားသည့် ချန်းနဲ့ ဂျယ်ယွန်းရဲ့ ဓာတ်ပုံများရှိနေသည်။

ဒီဓာတ်ပုံတွေနဲ့ဆိုရင် လူတွေအထင်မှားနေကြတဲ့ ကောလဟာလ‌ေတွ ပျောက်ကွယ်သွားပြီး ဂျယ်ယွန်းရဲ့ အပြစ်ကင်းစင်မှုကိုသက်သေခံပေးနိုင်မည့် အကောင်းဆုံးသက်သေတွေလဲဖြစ်နိင်သည်။

*ဒါဆိုရင်...*


ဆောင်းဟွန်းက လက်တစ်ဖက်က‌ဆိုင်ကယ်ဦးထုပ်ကိုင်ထားရင်း နောက်ထပ်လက်တစ်ဖက်တည်းဖြင့် ဖုန်းကိုင်ထားခြင်းဖြစ်သည်။

ဆောင်းဟွန်းရဲ့ဖုန်းကိုကိုင်ထားသောလက်ရှိ လက်မလေးက ဖုန်းစခရင်ထက် လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး  စက္ကန့်၀က်တောင်မကြာခင် ပုံတွေအားလုံးကို Delete လုပ်ပစ်လိုက်သည်မှာ အနည်းငယ်တောင်မှ တုံ့ဆိုင်းခြင်းမရှိခဲ့ပါ။


*ဒါဆိုရင်...ဒီလိုဖြစ်ဖို့ဘယ်ခွင့်ပြုနိုင်ပါ့မလဲ*


ဆောင်းဟွန်းက ပုံတွေအားလုံးကိုဖျက်လိုက်ပြီး လက်မှနာရီကိုငုံ့ကြည့်လိုက်သည်။


*ဂျယ်ယွန်းအတန်းပြီးဖို့လိုသေးတာပဲ*


ထို့နောက် ဆောင်းဟွန်းက ဆိုင်ကယ်ပေါ်တက်ကာ အရှိန်တင်လိုက်ပြီး တစ်နေရာသို့ ‌ဆိုင်ကယ်ကိုမောင်းနှင်သွားလိုက်သည်။



...



ဂျယ်ယွန်းက အတန်းဆင်းလို့ အဆောက်အဦးထဲမှ ထွက်လာလိုက်တာနှင့် အရှေ့တည့်တည့်မှ ဆိုင်ကယ်တစ်စီးနှင့် ဆောင်းဟွန်းကိုတွေ့လိုက်ရသည်မို့ ဆောင်းဟွန်းအနားသို့သွားလိုက်သည်။



"ငါ့ကိုစောင့်နေတာလား"


"အွန်း ကျွန်တော့်ရဲ့ဂျယ်ယွန်းကိုစောင့်နေတာ"


အနားသို့ အပြေးကလေးရောက်လာသော ဂျယ်ယွန်းဟာ ခွေးပေါက်လေးတစ်ကောင်လိုချစ်ဖို့ကောင်းလှသဖြင့် ဆောင်းဟွန်းက ပြုံးကာ လက်ဆန့်ထုတ်၍ ဂျယ်ယွန်း ဆံပင်လေးများအား ဖွပစ်လိုက်ရင်း ပြောလိုက်သည်။

ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now