Part 9 (Zawgyi)

128 5 0
                                    



"ဆောင်းဟွန်း ဟျောင့်‌ရေ ဒီမှာကြည့်စမ်း"



ဆောင်းဟွန်း အတန်းထဲမှာစာလိုက်ကြည့်နေစဉ် သူ့နံဘေးမှ ဖုန်းခိုးသုံး‌နေ‌သော ဂျောင်ဝန်းက သူ့ဖုန်းကိုလာပြနေတာကြောင့်ဆောင်းဟွန်းက ယူကြည့်လိုက်သည်။

တွေ့လိုက်ရသည့်ကျောင်းForum တွင်တင်ထားသောပုံနှင့်စာများကြောင့် ဆောင်းဟွန်းကအံကိုကြိတ်လိုက်သဖြင့် လည်ပင်းကအကြောတွေထောင်ထသွားသည်။

ထို့နောက် လက်သီးကိုဆုပ်လိုက်သည်မှာ လက်ထဲကစာလိုက်မှတ်နေတဲ့ခဲတံပါ *ဂျွတ်*ခနဲ ကျိုးထွက်သွားသည်။

ဆောင်းဟွန်းရဲ့‌မီးဝင်းဝင်းတောက်နေသောအကြည့်နှင့်
ထိုပုံစံကြောင့် သူ့သူငယ်ချင်းတွေဟာလန့်သွားကြပြီး
ဆောနူနဲ့‌နီခီဟာ ဂျောင်ဝန်းလက်ထဲကဖုန်းကိုယူကာ ကြည့်လိုက်ခါမှ ထိုသို့ဖြစ်နေရသည့် အကြောင်းရင်းကိုနားလည်သွားကြသည်။

ဆောင်းဟွန်းက ထိုပုံကို စစမြင်ချင်း လူသတ်မိတော့မလို ဒေါသထွက်သွားရပေမဲ့ ဒေါသကိုပြန်ထိန်းရင်း သေချာပြန်စဉ်းစားနေမိသည်။

စာသင်နေချိန်မို့  ထပြီးသောင်းကျန်းလို့မဖြစ်တာကြောင့်စိတ်ကိုထိန်းကာ စိတ်ထဲကနေသာကြိမ်းဝါးနေမိသည်။



*တောက်ခ် ဒါကရော ဘာသဘောလဲ ရှင်းမ်ဂျယ်ယွန်းရာ

မဖြစ်နိုင်ဘူးမလား ဂျယ်ယွန်းက ချန်းကို ချစ်မှမချစ်တာပဲ

တစ်ခုခုမှားနေတာမလား မှားနေတာပဲဖြစ်မှာပါ

ဟုတ်တယ် ဒီကိစ္စကမဖြစ်နိုင်ဘူး‌ သေချာတယ်

ဘာပဲဖြစဖြစ် ဟို ချန်းဆိုတဲ့ ခွေးမသားကို‌တော့အရှင်မထားဘူး*




ဆောင်းဟွန်းကဂျယ်ယွန်းအ‌ကြောင်း‌ကောင်း‌ကောင်းသိသူဖြစ်သည်။

သူ့လောက်ဂျယ်ယွန်းအကြောင်းသိသည့်သူပင် မရှိနိုင်တော့ပေ။

ထို့ကြောင့် သူသိသည့် ဂျယ်ယွန်းသာဆိုလျှင် ထိုသို့မလုပ်လောက်ဟုလဲ ယုံကြည်မိသည်

ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now