Part6(Zawgyi)

166 7 0
                                    

ဒီကြားထဲတွင် ဆောင်းဟွန်းနဲ့ သိပ်မဆုံမိသဖြင့် ဂျယ်ယွန်းရဲ့ နေ့ရက်ကလေးတွေက သာယာလျက်ရှိသည်

ရှင်းမ်မာမားမှာလဲ အခုရက်ပိုင်း အိမ်မကပ်ဘဲ မနက်အစောကြီးထွက်သွားတတ်ကာ ညဆိုလဲ မိုးချုပ်မှပြန်လာတတ်သည်

ဂျယ်ယွန်းကလဲ အိမ်မှာဆူပူမဲ့သူမရှိ၍ သဘောကျကာ နားအေး‌ပြီးရောဟုတွေးပြီး ရှင်းမ်မာမား ဘယ်သွားလဲတောင်မမေးမိ။

ရှင်းပါးပါးတို့ကလဲ ပြည်ပမှ ပြန်မရောက်သေးဖြင့် ဂျယ်ယွန်းလေးကနေ့စဉ် ကျောင်းသွား ကျောင်းပြန်၊ အိမ်မှာတစ်ယောက်ထဲ နေရင်းဖြင့်သာ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။

ယနေ့မှာ ဂျယ်ယွန်း ဆောင်းဟွန်းအိမ်ကပြန်သွားပြီးသုံးရက်မြောက်နေ့ဖြစ်သည်။

ဂျယ်ယွန်းက ပုံမှန်အတိုင်း Bus ကားစီးကာကျောင်းသို့
သီချင်းတညည်းညည်း ဖြင့်ထွက်လာခဲ့သည်။

ဂျယ်ယွန်းက ကားရှိသော်လည်း Uniကိုတော့ ကားနဲ့မသွားချင်ပေ။

အများသူငါ‌ကျောင်းသားများနှင့်အတူ ရောနှောကာ Busကားတိုးစီးရသည်ကိုသာနှစ်သက်သည်။

ထို့ကြောင့် သူ့မာမားဆို ဆောင်းဟွန်းလိုကိုယ်ပိုင်ကားတွေထည်လဲမစီးဘဲ အပင်ပန်းခံကာ busစီးတဲ့သူ့ကိုနားမလည်နိုင်ဘဲအမြဲဆူပူတတ်သည်။

ဂျယ်ယွန်းက အနေအေးသော်လည်း သူမလုပ်ချင်တဲ့အရာဆို မလုပ်တတ်ဘဲခေါင်းမာသူဖြစ်တာကြောင့် သူ့မာမား ပြောလဲမရခဲ့ပါ။


သူတစ်ယောက်တည်း အေးအေးလူလူ Bus stopမှ လမ်းလျှောက်လာရာ Uniရောက်ရောက်ချင်း သူတို့ Computer Science မေဂျာအ‌ဆောင်သို့ သွားရာ လမ်းတစ်လျှောက်တွင် လူအများက သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်ကာ တချို့ဆိုတီးတိုးစကားဆိုကာ တွတ်ထိုးလျက်ရှိသည်

သူတို့မေဂျာအဆောင်သို့ရောက်သော်လည်းထိုသို့ပင် ဆက်ဖြစ်နေသည်မှာသူ့စာသင်ခန်းထဲရောက်သည်အထိ။

ဂျယ်ယွန်းခမျာလဲ သူ့‌နေရာတွင် ဝင်ထိုင်ပြီး‌သော်လည်း
ဘာဖြစ်လို့ဖြစ်‌‌နေမှန်း မသိပဲကြောင်အ‌‌နေကာ

ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now