Part2 (Unicode)

664 107 21
                                    

ဆောင်းဟွန်းက အပေါ်ထပ်ကသူ့အိပ်ခန်းရောက်သည်အထိ

သူ့ရဲ့ ကြွက်သားအပြည့်နှင့်သန်မာလှတဲ့ လက်မောင်းတွေထဲတွင်

ဂျယ်ယွန်းကိုယ်ငယ်လေးအား ‌ေပွ့ထားသည်မှာ ပေါ့ပေါ့ပါးပါး


ဆောင်းဟွန်းက အားသန်လှသလို ဂျယ်ယွန်းကိုက

ငှက်မွှေးလေးလို ပေါ့ပါးနေခြင်းဖြစ်သည်


*ဒီတစ်ယောက်က အသက်ပြည့်ပြီးတဲ့သူရော
ဟုတ်ရဲ့လားတောင်မသိ 

လူကဖြင့် အလယ်တန်းကျောင်းသားအရွယ်‌လောက်ပဲရှိတယ်*


"ခင်ဗျားကိုယ်ကလဲပေါ့လိုက်တာဗျာ

ဒီအရွယ်ထိ ထမင်းစားပြီးကြီးလာတာ‌ေ‌ေရာ ဟုတ်ရဲ့လား"


"လူပဲ ထမင်းစားပြီးမကြီးလို့ ချီးစားပြီးကြီးရမှာလား"


"အဲ့တာ ကျွန်တော်မပြောဘူးနော်

ခင်ဗျားဘာသာ၀န်ခံနေတာ"


"‌ပတ်ဆောင်းဟွန်း မင်း!  မညစ်ပတ်နဲ့"


"ကျွန်တော်က တနေ့ရေနှစ်ခါချိုးတယ်

ခင်ဗျားလိုမဟုတ်ဘူး"


တကယ်ပါပဲ ဂျယ်ယွန်းတော့ ဒီလို စကားကို ကတ်သတ်ပြီး

လိုက်ပြောနေတဲ့လူနဲ့ ဘာမှကိုပြန်မပြော‌ေနချင်တော့ဘူး



" လွှတ် ! ချပေး "



*အံမယ် ရှင်းမ်ဂျယ်ယွန်းတို့က တကယ့်ဟာလေးပါဆို

အခန်းထဲရောက်ပြီး အိပ်ရာကြီးမြင်မှ "လွှတ်! ချပေး" ဆိုတဲ့ စကားထွက်လာတာ

ခုနကထိငြိမ်ပြီးလိုက်လာတဲ့သူက အခုကျတော့

မသိရင် ကိုယ်ကသူ့ကို အလိုမတူပဲ ပွေ့ချီလာရသလိုလိုနဲ့

အိပ်ခန်းထဲပဲရောက်နေမှတော့ သူ့ကိုအောက်မချပေးလို့

ဒီကကောင်က အားအားယားယားကြီး ဆက်ချီထားမှာကျနေတာပဲ

တကယ် အံ့ဩလွန်းလို့ ပြောစရာစကားတောင်မရှိတော့ဘူး*



ဆောင်းဟွန်းက ရွဲ့ပြီး လူယုတ်မာပြုံးကြီးပြုံးကာ


ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now