Part 5 (Zawgyi)

133 7 0
                                    

စားပြီးသောက်ပြီးတော့ ဂျယ်ယွန်းကို ဆောင်းဟွန်းက ဧည့်ခန်းသို့ ပြန်ခေါ်လာပေးခဲ့သည်

ဆောင်ဟွန်းသဘောကတော့ အိပ်ခန်းထဲပဲခေါ်ချင်တာဖြစ်ပေမဲ့ ဂျယ်ယွန်း‌ဆီက ခြောက်ချက်ကုပ်ခံရမှာလဲ ကြောက်ရသေးသည်မလား။

ကြောက်မက်ဖွယ်ရာ ‌အရသာ ဆိုသည့် အိပ်မက်ဆိုးကြီးကနေ မနိုးထနိုင်သေးသည့် ဂျယ်ယွန်း‌လေးခမျာလဲ ဧည့်ခန်းထဲရောက်သည်အထိ စိတ်နဲ့လူနဲ့မကပ်သေးနိုင်သေးပေ



"ဂျယ်ယွန်း"


"ဟင်"


" ခင်ဗျားရဲ့ ခါးကဒဏ်ရာက‌‌လေ အရမ်းမနာတော့ပေမဲ့

မြန်မြန် သက်သာအောင် ဆေး‌တော့လူးရမယ်ထင်တယ်နော်"


"ဟုတ်သားပဲ"


ဆောင်းဟွန်းက သူ့ကိုဂရုစိုက်ပေးလာသည်မို့ ဂျယ်ယွန်းနှလုံးသားလေးနွေးထွေးလို့သွားသည်

*ဒီလိုကျတော့ ဆောင်းဟွန်းကမဆိုးရှာပါဘူး

သားဖြစ်သူတစ်ယောက်လုံး ဒဏ်ရာရတာတောင် တစ်ချက်လှည့်မကြည့်ပဲ ထွက်သွားတဲ့ ငါ့မာမားနဲ့များတခြားစီရယ်*

ဆောင်းဟွန်းက သူ့မာမားအခန်းမှ ဆေးသေတ္တာရှာလာကာ
ဆေးဘူးကို ထုတ်ပေးလိုက်သည်



ဂျယ်ယွန်းက နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင်ထိုင်ကာ ဆေးလူးရန် ဟန်ပြင်ရင်း အကျီကို လှန်ဖို့လုပ်လိုက်ပြီးမှ

‌မျက်နှာချင်းဆိုင်ဆိုဖာတွင်ထိုင်‌နေ‌သော ဆောင်းဟွန်းကို အရင်လှမ်းပြောလိုက်သည်



"မကြည့်နဲ့ ငါ ဆေးလူးမို့"


ဆောင်းဟွန်းက မျက်ခုံးတစ်ဖက်ပင့်ရင်း


"ဒီလူနဲ့ဒီလူကို တွန့်တိုနေလိုက်တာ

အခုမမြင်လဲ နောက်မြင်ရမှာပဲ ဘာမှမထူးဘူး "


ဂျယ်ယွန်းက ဘာမှပြန်မပြောပဲ မျက်စောင်းတွေချည်းလှိမ့်ထိုးနေတာမို့ ဆောင်းဟွန်းလဲ ခေါင်းစောင်းကာ အကြည့်လွှဲပေးလိုက်ရသည်

တကယ်တော့ ဆောင်းဟွန်းက ဂျယ်ယွန်းမပြောလဲ ကြည့်ဖို့စိတ်ကူးမရှိပါဘူး အစထဲက။

ချစ်သောမောင့် ယွန်း  [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲]Where stories live. Discover now