Ep-1

876 72 11
                                    

Unicode

Seoul International airport
ကိုရီးယားနိုင်ငံရဲ့လေဆိပ်အတွင်း ပျားပန်းခတ်သလို လှုပ်ရှားသွားလာနေတဲ့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်မိမတတ်လူတွေများလွန်းလှတယ်

"Jungkook...သူ့လေယာဉ်ကဘယ်အချိန်ဆိုက်မှာတဲ့လဲ....."

"ခုနကဆိုက်သွားတဲ့လေယာဉ်ပဲ.."

စိတ်မရှည်စွာပြောလာတဲ့jiminကို jungkookကပြုံးပြုံးကလေးပြန်ဖြေတယ်

"လေယာဉ်ဆိုက်တာကြာပြီမလာနိုင်တော့ဘူး‌ခြေထောက်တွေလည်းညောင်းနေပြီ..."

သူ့ခြေထောက်ကလေးကို ထုကာထုကာပြောနေတဲ့jiminကို jungkookမှာအသဲတယားယား

သူတို့နှစ်ဦးကချစ်သူတွေလေ
ငယ်ချစ်ဦးပေါ့
Jiminရယ် သူရယ် အခုလာစောင့်နေတဲ့အကောင်ရယ်က ငယ်ငယ်တုန်းကတည်းက ခင်မင်လာကျတဲ့ငယ်ပေါင်းကြီးဖော်ပြောမနာဆိုမနာတွေ

Jiminစိတ်ဆိုးချင်လည်းဆိုးချင်စရာပါ
လေယာဉ်‌ဆိုက်တာပဲ တစ်နာရီလောက်ရှိတော့မယ်
ကိုယ်တော်ချောရဲ့အရိပ်အယောင်ကိုမမြင်ရသေးဘူး

"ညောင်းရင်ထိုင်ခုံမှာထိုင်လေ...ဟိုမှာ...ခြေထောက်တွေနာနေအုန်းမယ်...."

"မထိုင်ချင်ပါဘူး...ထိုင်ခုံကတစ်ခုံစာပဲလွတ်တာလေ..ငါထိုင်တော့ jungkookက ဘယ်မှာထိုင်မှာလဲ...ငါပဲထိုင်ရမယ်ဆိုမထိုင်ဘူး......"

အမြဲသူ့အပေါ်ဆိုနားလည်ပေးတယ်
သူ့အကြောင်းကို ဆိုအကုန်သိနေတဲ့ သူချစ်သူလေးကို အသဲယားစွာ ပါးကိုဖွဖွဆွဲလို့ ပုခုံးကသိမ်းယူကာ လူတိုးမှာဆိုးလို့ရင်ခွင်ထဲဖွက်ပလိုက်တယ်

"အဲ့ကောင် ဆေးထိုး (စနောက်)တာလားမသိဘူး ပြန်ရအောင်jungkook... "

စောင့်ရတာအရမ်းကြာလာတော့နှစ်ယောက်စလုံးစိတ်မရှည်တော့ပါ

"အင်း...ဒီကောင်ဆေးထိုး တာပဲဖြစ်မယ်...ပြန်ကျမယ်..."

"Hello... My friends.... "

နှစ်ယောက်သားပြန်မည်လုပ်ကာမှအရှေ့တည့်တည့်မှနေ luggageကိုဆွဲကာ နေကာမျက်မှန်နဲ့ တစ်လှန်းချင်းလျောက်လာပါသော ကိုယ်တော်ချော

𝗥𝗼𝘆𝗮𝗹Where stories live. Discover now