Ep-8

279 58 15
                                    

Unicode

ဆောင်းလေပြေတွေဝေ့နေတဲ့ မနက်ခင်း
ပြတင်းပေါက်တံခါးကို ဖွင့်ကာ
အပြင်ကရှုခင်းကို ကြည့်နေမိတာ ရက်တွေတောင်ဆက်နေပါပြီ

Taehyung နဲ့ခင်မင်လာခဲ့တာလဲ ၃လ ကျော်လောက်ရှိလာခဲ့ပြီ
အဲ့ကောင်ကလေးက သူ့ကို့ ဧကရာဇ် ဆိုတာကိုမေ့ထားပြီး သူ့သူငယ်ချင်းအရင်းကြီးတစ်ယောက်လို
တစ်ခါတစ်‌လေရယ်စရာ‌တွေ ပြောတဲ့အခါ သူ့ဟာသတွေကြားမှာ hoseok ပျော်ရတယ်
တစ်ခါတစ်လေ မထိတထိ အနှောင့်အသွားမလွတ်စနောက်ပြန်ရင်လည်း မျက်လုံးပြူးအံကြိတ်ကာ ဒေါသတွေထွက်ရလွန်းလို့ ဒေါသတွေလည်း ကုန်နေပါပြီ
သူမထိတထိ စ တိုင်းလည်း ရင်ခုန်နေတတ်တဲ့ ကိုယ်က ဒီကောင်လေးအပေါ် ရိုးးမှရိုးရဲ့လား
မဖြစ်ပါ သူနဲ့ ဒီကောင်လေး ပတ်သတ်မိရင် ဒုက္ခရောက်မှာက ထိုကောင်လေးပါပဲ
သို့ပေမယ့် hoseok လွပ်လပ်စွာ ရယ်မောတတ်လာတာလည်း သူပြောတဲ့ဟာသတွေကြောင့်
လောကကြီးအကြောင်း ပတ်ဝန်းကျင်အကြောင်း လူမျိုးခွဲတွေ‌အကြောင်း ကိုယ်သိတာထက်ပိုပြီးတွင်တွင်ကျယ်ကျယ်သိလာရတာကလည်း ထိုကောင်လေးကြောင့်

လျောကျသွားတဲ့ အနွေးထည်အကျီကို ပုခုံးပေါ်ဆွဲတင်ရင်း မထင်မှတ်ပဲကြည့်မိတာက
စားဖိုးမှုးတွေအတွက် သီးသန့်ပေးထားတဲ့အဆောင်

Jinနဲ့ စကားရပ်ပြောနေတဲ့ ကောင်ကလေးကြောင့်
Hoseokရင်ထဲဒိန်းကနဲစောင့်တက်သွားတယ်

‌မေမေ ....မေမေများ သူနဲ့ခင်မင်‌နေတာကို သိသွားလို့ jinကိုပြောခိုင်းနေခြင်းလား
မဖြစ်ပါ...မေမေသာ သူနဲ့ထိုကောင်လေး ခင်မင်နေတာသိသွားရင် ထိုကောင်လေးမှာ အန္တရာယ်ရှိတယ်
မေမေ့အကြောင်း သူအသိဆုံးပါ
ဘယ်လောက်ဆိုးသလဲ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာမို့

ဆောင်းတွင်းမှာ သူမအေးနိုင်ပဲ
ချက်ချင်း သူဆီရာ အဆောင်ဆီကို ပြေးသွားမိတာ
လှေကားတွေတောင် ဘယ်နှစ်ထစ်ကျော်ဆင်းမိခဲ့လဲ မသိတော့ပါ

"Jin!!!...."

"ဟင်.... hoseok.. ဘာဖြစ်လာတာလဲ..."

အမောတကောနဲ့ ပြေးလာတဲ့ နိုင်ငံရဲ့ဧကရာဇ်က အနွေးထည် လက်မောင်းပေါ်လျောကျနေတာကိုတောင် ပြန်မတင်နိုင်လောက်တဲ့အထိ သူထိုကောင်လေးကို စိတ်ပူနေခဲ့တာ

𝗥𝗼𝘆𝗮𝗹Where stories live. Discover now