Ep-11

321 55 24
                                    

Unicode

တိတ်ဆိတ်နေတဲ့ အစည်းအဝေးခန်းမ တစ်ခု၌
Hoseok ၏ ဘောပင်ဖိသံ "တချောက်ချောက်" ကသာ ကြီးဆိုးနေ၏

ဒု-မြို့တော်ဝန်ကလည်း မျက်နှာထားကို နည်းနည်းလေးမှမလျော့ပေ
အခြေအတင်ဖြစ်ဖို့က ဒီproject စတာနဲ့ ဖြစ်ဖို့က
ရာနှုန်းပြည့်သေချာနေတယ်။

Hoseok အရင်လိုဆို သူဘက်မှာ ဘယ်သူမှမရှိတာမို့ စိုးရွံ့ချင်
စိုးရွံ့မိလိမ့်ပေမယ့် အခုသူ့မှာ သူ့ကောင်လေး
Kimtaehyung ရှိနေပြီ။
Taehyung နဲ့သူ ညတိုင်းတွေ့တယ်
ချစ်သူတွေဖြစ်သွားပြီမို့ သူ့ဘက်ကအခဲအခက်အကုန်ရင်ဖွင့်တိုင်ပင်တော့
ချစ်ရတဲ့သူ က သူ့ပြသနာတွေအတွက် နည်းမှန်လမ်းမှန်နဲ့ hoseok လည်းထိခိုက်မှုမရှိအောင် project လည်း ဒု-မြို့တော်ဝန် လက်ထဲ မရောက်ဘဲ အဆင်ပြေပြေ အဆုံးသတ်နိုင်အောင်
နည်းလမ်းတွေ အများကြီး ပြောပြပေးတယ်

Kimtaehyung က သူ့ဘဝအတွက် မရှိမဖြစ်
အားကိုးရတဲ့သူ
လုံခြုံနွေးထွေးတဲ့သူ
ချစ်ရတဲ့သူ

"လာမဲ့ Monday ဆို project ကစပြီနော်...
ကျွန်တော့်ဘက်က သူ့တို့အတွက် လိုအပ်တဲ့
ဆည်ရေ ဖောက်ပေးဖို့ အားလုံးready ပါပဲ.....ကျွန်တော်ထပ်ပြောပါမယ်။ ကျွန်တော် ဒီproject ကို စတင်တယ်ဆိုတာ သူတို့လိုအပ်နေတဲ့ ဆည်မြောင်း ဖောက်ပေးဖို့ပါပဲ...သူတို့လယ်မြေတွေကို အပိုင်သိမ်းဖို့မဟုတ်ပါဘူး...."

"ကျွတ်...ကျွတ်...ကျွတ်...ဧကရာဇ်က ငယ်ငယ်လေးနဲ့သိပ်ခေါင်းမာတာပဲ....အန်ကယ်ပြောတာကလည်း
ဆည်မြောင်း မဖောက်ပေးဘူး မဟုတ်ဘူး...ဖောက်ပေးမယ်...ဒါပေမယ့် ကျသင့်ငွေလေးကို အနည်းငယ်လေး ပိုတောင်းရုံပါ..."

"ဆည်မြောင်းဆိုတာအစိုးရကဖောက်ပေးရတာ...
လိုအပ်နေတဲ့နေရာတွေ....ငတ်မွတ်နေတဲ့ ပြည်သူတွေကို ကယ်တင်ပေးရမှာ အစိုးရအလုပ်..ဂုတ်သွေးစုတ်အမြတ်ထုတ်ဖို့မဟုတ်ဘူး....."

"အန်ကယ်က ညှိနှိုင်းတာနော်..ရရင် တစ်ဝက်က မင်းအတွက်ပါတယ်လေ...ဘယ်လိုလဲ တစ်ဝက်ကြီးတောင်ရမှာနော်..."

Hoseok လက်သီးကို တင်းနေအောင် ဆုပ်ထားရတယ်
ရွံစရာကောင်းလိုက်တဲ့မျက်နှာ
ထထိုးချင်လိုက်တာဆိုတာ
စိတ်ကိုမနည်းထိန်းနေရတယ်

𝗥𝗼𝘆𝗮𝗹Where stories live. Discover now