Ep-17

267 55 32
                                    

Unicode

""ဧကရာဇ်နှင့် ကာကွယ်ရေးဝန်ကြီးချုပ် မြေးတို့စေ့စပ်ကြောင်းလမ်းခြင်း""

ခေါင်းစဉ်နှင့်အတူ အနည်းငယ်သောပုံရိပ်တွေက
လုမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေခဲ့သည်

"ဟက်...ကျွန်တော့်ကို ညာခဲ့တာမဟုတ်ဘူးပဲ....ခင်များကအမှန်ကိုပြောခဲ့တာပဲ...."

Screen ပေါ်က ပုံရိပ်တစ်ချို့ကို လက်ဖျားထိပ်နဲ့ ခပ်ဖွဖွထိတွေ့ကာ Taehyung ရင်ထဲ
နာနာကျင်ကျင်

"တော်ပြီ laptop အကိုကြီးကိုပေးတော့...."

"အကိုကြီးသိလား ကျွန်တော်ကလေ သူ့ကိုအရင်စချစ်ခဲ့တာ...ချစ်လိုက်တာမှလေ နှလုံးသား အတွင်းထဲကနေကိုချစ်ကာ....သူပြုံးနေရင်လည်း
ကြည်နူးရသလို သူငိုနေရင်လည်း ရင်ပူရတယ်...အနာတရတစ်ခုခုလေးများဖြစ်ခဲ့ရင် ကျွန်တော့်မှာ မနေနိုင်မထိုင်နိုင်နဲ့...ဒါတောင်မှ...ဒီလောက်တောင်မှ ချစ်ပေးတာကို သူမို့ ရက်စက်နိုင်တာ....."

လေးသံအေးအေးက ပုံမှန်မှဟုတ်ရဲ့လား
ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေကာ
ပြောလာပုံက ရှေ့ရက်တွေနဲ့မှမတူ
သောက်သောက်စားစား ပုံစံက အဆင်မပြေပေမယ့် ဒီပုံစံက ပိုလို့မှ အဆင်မပြေဖြစ်စေတယ်

"ဒါပေမယ့်...သူကတိပေးထားတယ်...အတူတူထွက်သွားမယ်လို့....."

"မေ့လိုက်ပါတော့ အငယ်လေးရယ်...ဟိုက စေ့စပ်ပြီးသွားကျပြီလေ...ပြီးတော့ သူ့မိသားစုအကြောင်း မင်းဘာတွေများသိလို့လဲ....အပေါ်ယံပဲသိလို့မဖြစ်သေးဘူးလေ..."

"...Jin hyung က အကိုကြီးကို ချစ်နေသေးတယ်..."

ရုတ်တရတ်ကြီး ပြောလာတဲ့စကားမှာ သူ့စကားလုံးတွေတိတ်ဆိတ်သွားတယ်

"မဖြစ်နိုင်ပါဘူး...သူကိုယ်တိုင်လမ်းခွဲစကားပြောခဲ့တာ...မျက်တောင်တစ်ချက်မခပ်ပဲလေ..."

အတိတ်တို့က ရင့်နင့်ဖွယ် နာကျင်ဖွယ်

သူညီလေးနဲ့ သူနဲ့က အချစ်ကံ တစ်ထပ်ထဲလို့ပြောရမယ် နှစ်ယောက်လုံးက အရမ်းချစ်ခဲ့ပေမယ့် နှစ်‌ယောက်လုံးကပဲအထားခံခဲ့ရတာ

" ကျွန်တော့်နှလုံးသားတွေနာကျင်လိုက်တာ...."

ရင်ဘက်ကိုဖိပြိးငိုကာပြောလာတော့ namjoon ချက်ချင်းကို ပြေးသွားမိတယ်

𝗥𝗼𝘆𝗮𝗹Where stories live. Discover now