Unicode
"Taehyung.. မျက်နှာကြီးကပြုံးဖြီး နေတာပဲ ဘာဖြစ်နေတာလဲ...."
"ကြည့်တာနဲ့ သိသာနေတာပဲ jiminရာ...မင်းရဲ့ဧကရာဇ်နဲ့ အဆင်ပြေနေတယ် မဟုတ်လား..."
Screen ပေါ်ကနှစ်ယောက်ကို သူပြုံးကာခေါင်းညိတ်ပြလိုက်တယ်
နေ့ကင်းဘက် သူမီးဖိုဆောင်မှာ ညနေစာချက်ဖို့အတွက် song woo ရယ် သူရယ် De ရယ် အပြင်
အိမ်တော်က စာဖိူမှုး ၇ယောက်လောက် ချက်ပြုတ်စရာတွေကို ပြင်ဆင်ပြီးလို့ အဆောင်မှာ နားနေချိန်
Jungkook ဆီမှ video call ခေါ်လာခြင်းပင်"အင်း.....ငါနဲ့ သူနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီလေ..."
"အမယ်..အဆင့်တက်တာ မြန်လှချည်လား..မင်းစံအိမ်ရောက်တာမှ ၄လတောင်မပြည့်သေးဘူး..."
"သူနဲ့ နီးစပ်ချင်တော့ငါကပဲ ချည်းကပ်ရတာပေါ့..
သူကို လွပ်လွပ်လပ်လပ်နေစေချင်တယ်...တည်နေတဲ့မျက်နှာကလေးမှာ ပြုံးနေတဲ့ပုံရိပ်လေးတွေနဲ့ပြည့်နေစေချင်တယ်...အမြဲထမင်းစားတိုင်း တဖြောင့်ထဲခါးကိုထားမဲ့အစား စိတ်ရှိသလိုပြုမူနေထိုင်စေချင်တယ်
စက်ရုပ်ကြီးလိုနေမဲ့အစား ပျော်စေချင်တယ်
သူ့ကို ငါ့ကိုအားကိုးလာစေချင်တယ်
ရူးတယ်လို့ပဲပြောပြော ငါ့သူနဲ့နှစ်ယောက်တစ်ဘဝထူထောင်ဖို့အထိ ငါကြိုးစားသွားမှာ..."Taehyung ရဲ့အချစ်တွေကိုသိနေတဲ့ နှစ်ယောက်က
Screenထက်ကနေ ပြုံးကာ ခေါင်းညိတ်ပြကျတယ်"မင်းကိုယုံပါတယ်...ကြိုးစားနော်
ငါ့ကောင်...ဧကရာဇ်က မင်းကိုပြန်ချစ်လာမှာပါ...""ငါသိပါတယ်..."
"ဘဝင်ကမြင့်ပြန်ပြီ..."
Jungkook အပြောကို taehyung က ပြန်ချေပတဲ့အခါ jiminက နှုတ်ခမ်းမဲ့ကာ ပြောတယ်
"မင်းတို့နှစ်ယောက်လဲကွာ အမြဲကြည့်လိုက်ရင်
စူပါဂလူးနဲ့ကပ်ထားသလိုပဲ ကပ်နေကြတာ...""ဟာ့...taehyungရ ငါတို့ကချစ်သူတွေလေ ဖြစ်နိုင်ရင် jiminကို ငါသွားလေရာ ကျောမှာအဝတ်နဲ့ ချီပိုးပြီးခေါ်သွားချင်တာ...."
"Jungkook.. မင်းဘာဖြစ်နေတာလဲ..."
"ကိုယ်တကယ်ပြောတာ...မင်းကို စိတ်ကိုမချဘူး..."