Unicode
"မေမေရေ...အီးး...ဟီးး...မီ့မီ့အရုပ်လေးကို ရီရီ လွှင့်ပစ်လိုက်တယ်.....အီး...ဟီး...."
မိဘတွေရှိတဲ့အခန်းထဲကို ပြေးဝင်ကာလာတိုင်တဲ့ကလေးမလေးက Jung အိမ်တော်ရဲ့ အမြွှာသမီးနှစ်ယောက်အနက်မှ အကြီးမကလေးဖြစ်တယ်
ဂျောင်ဟယ်မီနဲ့ဂျောင်ဟယ်ရီ လို့အမည်ပေးထားပြီး နှစ်ယောက်စလုံးက ချစ်ဖို့အလွန်းကောင်းသည်ပင်။
သို့ပေမယ့် အခုအရွယ်ထဲက စိတ်နေသဘောထားလေးတွေက ကွဲကွာနေလေပြီငိုနေတာကရှိုက်ကြီးတငင်မို့ မိဖုရားက စိုးရိမ်စွာ အနားကိုဆွဲခေါ်လို့ချော့မြူနေရတယ်
"တိတ်ပါသမီးလေးရယ်.....ရီရီက ဘာလို့အရုပ်ကိုလွှင့်ပစ်ရတာလဲ..."
"သူ့အရုပ်က သူ့ဘာသာပျက်စီးသွားတာကို အင့်...ဟင့်..မီ့မီ့အရုပ်ကိုပါ လွှင့်ပစ်လိုက်တယ်....."
သက်ပြင်းချသံသဲ့သဲ့ကထွက်ပေါ်လာတယ်
အမြွှာနှစ်ယောက်မှာအကြီးလေးကအမြဲခံရသူ
အငယ်လေးက ပြောရရင် စရိုက်ဆိုးတဲ့ကလေးဖြစ်နေပြီငယ်ငယ်ထဲက မောက်မာတတ်တဲ့ ကလေးလို့ပြောလို့ရတယ် သူပစ္စည်းပျက်စီးရင် အကြီးဖြစ်တဲ့ အမရဲ့ပစ္စည်းလည်းပျက်စီးရမယ်လို့တယူသန်အတွေးတွေနဲ့
ပစ္စည်းအတူတူဝယ်ရင် ကောင်းတဲ့အရာကိုသူဦးဆုံးရွေးတယ် သူမလိုချင်တဲ့ဟာကိုမှ အကြီးလေးက ရရတယ်
အလိုလိုက်တာတွေများသွားခဲ့လို့ထင်တယ်
အခုလည်း ၅နှစ်အရွယ်လေးနဲ့ မလိုက် သူ့ပစ္စည်းပျက်စီးလို့ သူတပါးပစ္စည်းကိုလည်း ပျက်စီးစေချင်နေခဲ့သည်။"လာမေမေ့ဆီ...ရီရီဆီသွားမယ်..."
"အင့်...ဟင့်..."
အကြီးလေးကိုလက်ကချီကာ အငယ်လေးရှိတဲ့အခန်းဆီကို ခြေလှန်းလှန်းလိုက်မိတယ်
"ရီရီ ဘာလို့ မမ အရုပ်ကို လွှင့်ပစ်ရတာလဲ သမီး..."
ကုတင်ပေါ်ငုတ်တုတ်ထိုင်နေတဲ့ကလေးက ခေါင်းမော့လာကာ ကလေးတန်မဲ့ မျက်လုံးမှာ အကြောက်တရားမရှိ
တစ်ကိုယ်ကောင်းစိတ်ပဲရှိတယ်"ရီရီ့ အရုပ်မရှိတော့ဘူး...မီမီ့အရုပ်လည်းမရှိရဘူး..."
မျက်တောင်တစ်ချက်မခပ်ပြောလာတဲ့စကားမှာ မိဖုရားတင်မက အနောက်က အိမ်အကူတွေပါအံ့ဩလို့ အသက်ကအခုမှ၅နှစ်သာရှိသေးသည်။