Unicode
Seoul International airport
မကြာသေးခင်ကမှဆိုက်ရောက်လာတဲ့ လေယာဉ်ကြောင့် airport အတွင်းမှာ လူတွေရှုပ်ယှက်ခပ်နေတယ်
ဒီမြေပေါ်ကိုခြေမချဖြစ်တာ ၇ ကျော်ခဲ့ပြီ
အဖြစ်အပျက်တွေကမနေ့တစ်နေ့ကအတိုင်းပဲ
ရင်ဘက်ကြီးနဲ့ချစ်ခဲ့ပေမယ့် နစ်နစ်နာနာပဲပြစ်ခွာခံခဲ့ရတာမျက်လုံးတို့ကိုစုံမှိတ်လို့အတိတ်ကဖြစ်ရပ်တွေကတမြေ့မြေ့နဲ့
ပြန်မလာတော့ဘူးဆုံးဖြတ်ထားတဲ့မြေကို ပြန်ခြေချတဲ့အခါ နှလုံးသားက အောင့်သက်သက်နဲ့"အကိုကြီး!!..."
ခေါ်သံနှင့်အတူ လူကိုပွေ့ဖက်လိုက်တာများအင့်ကနဲ
"ကျေးဇူးတင်လိုက်တာ...လာပေးလို့ကျေးဇူးအများကြီးတင်ရပါတယ်...."
"ကျေးဇူးတင်ရင်ဖယ်ပေးအုန်းကွာ...မင်းကိုယ်ကြီးနဲ့မှီထားတာ ဒီမှာလဲကျတော့မယ်...."
ထိုအခါမှဖယ်ခွာပေးလာတဲ့ ညီငယ်လေးက ချောမောမှုကတော့ပျောက်မသွားဘူး ဆိုပေမယ့်
အနည်းငယ် ညှင်းသိုးသိုးရုပ်တောင်ထွက်နေပြီပုခုံးကနေဖတ်ကာ ညီအကိုနှစ်ယောက်သား လေဆိပ်ထဲကနေထွက်လာကာ Taxi ပေါ်ကိုတက်မှ အိမ်ရဲ့အခြေအနေတွေ အပြန်အလှန်ပြောဖြစ်တယ်
ကိုယ်ရောက်လာလို့ပျော်သွားလိုက်တာများ
ကလေးလေးအတိုင်း
ဘယ်လောက်တောင်များ စိတ်တွေရှုပ်ထွေးနေလို့
သန့်သန့်ပြန့်ပြန့်နေတတ်တဲ့ကလေးက ဖရိုဖရဲတွေဖြစ်နေရတာလဲ"မုတ်ဆိတ်မွေးတွေတောင် ထွက်နေပြီ...မရိတ်ဘူးလားကွ..."
"အရမ်းကြည့်ရဆိုးနေလို့လား..အကိုကြီး...seokသိရင်တော့ ဆူတော့မှာပဲ.."
"မုတ်ဆိတ်မွေးတွေတောင်မရိပ်ရလောက်အောင်
သူတို့ကအရမ်းခိုင်းလို့လား...Kim Taehyung မင်းက showroom ပေါင်းများစွာပိုင်တဲ့ သူဌေးသားနော်...သူများအပြောခံ အဆူခံပြီးနေရမဲ့သူမဟုတ်ဘူး...."တွေးပူမိတဲ့စိတ်နဲ့မာန်သလိုပြောမိတော့
လေးထောင့်အပြုံးလေးပေါ်အောင်ပြုံးပြလာကာ အချိုသတ်တယ်"အဲ့လိုမဟုတ်ပါဘူး အကိုကြီးရာ..."
"ဒါဆိုဘာလို့ ဒီလို ဖရိုဖရဲတွေဖြစ်နေရတာလဲ..."