Unicode
ဒီတစ်ကြိမ်မျက်လုံးတို့ဖွင့်မိတော့ တွေ့မိသောမျက်နှာကျက်သည် အဖြူရောင်တွေမဟုတ်တော့
အုတ်ကြွတ်ခဲ တွေကိုဆင့်ကာဆင့်ကာနဲ့ တည်ဆောက်ထားသော အရာဖြစ်နေသည်။
တစ်နည်း ရိုးရာအိမ်ဖြစ်နေသည်။ရိုးရာအိမ်...သူကရိုးရာအိမ်ကိုရောက်စရာအကြောင်းမှမရှိပဲ ဘာတွေဖြစ်ကုန်တာလဲ
မယုံနိုင်ခြင်း....မသိခြင်းများစွာနဲ့ မျက်လုံးတို့ကိုဖြည်းဖြည်းဖွင့်မိတော့ တကယ်ပင်သူရောက်နေတာ ရိုးရာအိမ်ငယ်လေးထဲမှာ
စက္ကူသားတို့နဲ့ကာရံထားတဲ့အခန်းငယ်လေးထဲမှာ ရှိသင့်ရှိထိုက်သော ပစ္စည်းများလည်းရှိနေတယ်
သူကဆေးရုံမှာရှိနေရမှာလေ
ဘာတွေဖြစ်ကုန်တာလဲမွေ့ယာပေါ်မှထကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်မိနေချိန်
"Seok....Seokနိုးနေပြီလား....ခန...ခနလေးနော် မောင်ခြေထောက်ဆေးပြီးရင် လာခဲ့မယ်...."
"မင်း...မင်း!!..."
အံ့ဩမှုကြောင့် Hoseok မှာ စကားတောင်ပြန်မပြောနိုင်ခဲ့ ဘယ်လိုဖြစ်လို့ Taehyung က
သူနဲ့အတူရှိနေရတာလဲသူ့ခြေမှာပေနေတဲ့ရွံတွေကို သေချာပြောင်စင်အောင်ဆေးပြီး တာနဲ့ မီးဖိုချောင်လို့ထင်ရတဲ့နေရာတစ်ခုကို ဝင်သွားပြန်တယ်
ခနအကြာဆန်ပြုတ်ပန်းကန်တစ်ခုကို လမ်းမှာတင်လေနဲ့တဖူးဖူးမှုတ်ကာ သူ့အရှေ့ကိုယူလာပေးတယ်
"မင်းက...မင်းကဘယ်လိုဖြစ်လို့ဒီရောက်နေတာလဲ..."
Hoseok စကားကို ဆန်ပြုတ်လောက်တောင်သူအရေးမစိုက်ပဲ နွေးသွားအောင် လေနဲ့သာဆန်ပြုတ်ကိုတဖူးဖူးမှုတ်နေပြီး Hoseok နှုတ်ခမ်းရှေ့တဇွန်း ထိုးကြွေးတယ်
"ဒါလေးအရင်စားနော်...အိပ်နေတာ အတော်ကြာတော့ မောင်ကစိတ်ပူနေတာ...အစားပျော့ပျော့လေးပဲအရင်စားရအောင်နော်...မောင်ခွံ့ကျွေးမယ်...ပါးစပ်ဟ.."
"ဒီဆန်ပြုတ်ကိုငါကစားချင်နေမယ်ထင်နေတာလား...ဘာတွေဖြစ်ကုန်ပြီလဲလို့...မင်းကဘာလို့ဒီရောက်နေရတာလဲလို့မေးနေတယ်လေ!!!..."