Ep-21

371 44 12
                                    

Unicode

မှောင်မဲနေတဲ့ နေရာတစ်ခုကို hoseok ရောက်နေခဲ့တယ်
အရာရာပိတ်မှောင်နေလိုက်တာ တစ်ကိုယ်လုံးတုန်ရီလာတဲ့အထိပဲ

သူဘယ်မှာလဲ...သူဘယ်နေရာကိုရောက်နေတာလဲ

ရုတ်တရတ် ပိတ်မှောင်နေတဲ့ ပတ်ဝန်းကျင်ကို ဖျက်ကနဲအလင်းရောင်တစ်ခု ကျရောက်လာတယ်

"ဘယ်သူရှိလဲ!!..ပြောတာကြားလား.."

Hoseok အံ့ဩ လွန်းလို့ ပါးစပ်ကိုတောင်ပိတ်လိုက်မိတယ်
ဖျက်ကနဲကျရောက်လာတဲ့အလင်းရောင်က
(၁၀)နှစ်သား hoseokဆီက

Hoseokကဒီမှာလေ ဟိုမှာကလည်း (၁၀)နှစ်အရွယ် hoseokတစ်ယောက်...

သို့ပေမယ့် ထို(၁၀)နှစ်အရွယ် hoseok ကလေးက
အသက်(၂၉)နှစ်အရွယ် hoseok ကိုမြင်ဟန်မတူ

Hoseok မတ်တတ်ရပ်တဲ့နေရာအထိ ဖယောင်းတိုင်မီးကို‌ကိုင်ကာလမ်းလျောက်လာပြီးhoseok ခန္ဓာကိုယ် ကို ဖောက်ထွင်းကာ ကော်ရစ်တာအဆုံးကို လျောက်သွားတယ်

Hoseok ကိုသူမမြင်တဲ့အပြင် hoseokခန္ဓာကိုယ်ကိုပါ ဖြတ်‌ကျော်သွားလိုက်‌သေးတယ် မယုံနိုင်ခြင်းများစွာနှင့် ကိုယ့်လက်တွေ ခြေတွေကို ပြန်ကြည့်နေမိတယ်
မဟုတ်မှ hoseok ကဆုံးပါးသွားပြီလား

ဟင့်အင်း...မဟုတ်လောက်ပါဘူး...မဟုတ်လောက်ပါဘူးနော်

"ငါ့ကိုမြင်ရလားဟင်...ငါ...ငါပြောတာကိုကြားလားဟင်...."

Hoseok ဘေးကနေ hoseok အငယ်လေးကို စကားတွေပြောနေပေမယ့် ထိုကလေးက လုံးဝကိုကြားဟန်မတူပါ
မြင်ပုံလည်းမရပါ
ကော်ရစ်တာအဆုံးက ကြောင်လိမ် လှေကားအတိုင်း ဆင်းသွားတယ်

သူရူးတော့မယ် လူတစ်ယောက်လုံးစကားတွေပြောနေတယ် လူတစ်ယောက်လုံးရှိနေတယ်လေ
ဘာလို့သူ့ကိုမမြင်ရတာလဲ ဘာလို့သူ့အသံကို ဒီကလေးက မကြားရတာလဲ

သူ့တကယ်ပဲဘဝခြားသွားပြီလား..

"ဟင့်အင်း...အဲ့လိုမလုပ်ပါနဲ့...အဲ့လိုမရက်စက်ပါနဲ့...ငါအသံကိုနားထောင်ပေးပါ...ငါဒီမှာရှိနေတယ်လေ...ငါဒီမှာရှိနေတယ်လို့..."

လှေကားကနေဆင်းနေတဲ့ အဖြူရောင်ကလေးငယ်ဘေး hoseok တတွတ်တွတ်စကားတွေလိုက်ပြောနေပေမယ့်
ထိုကလေးကလုံးဝမကြားရသလို မြင်လည်းမမြင်ရပါ

𝗥𝗼𝘆𝗮𝗹Where stories live. Discover now