(Zawgyi)
သူမကူးပြောင်းသည်နှင့်နာကျင်မှုကိုခံစားရသည်။
ရူနစ်ခ်: ဒီsystemစုတ်ကတော့အစကပြောတာမဟုတ်ဘူး ကူးပြောင်းရင်နာတယ်လို့
သူမဘယ်ကိုရောက်လိုရောက်နေမှန်းမသိပါ။
ဒီကိုယ်ဟာ ဘာဖြစ်နေမှန်းမသိပေမယ့်ပူလောင်ကာတစ်ခုခုကိုလိုချင်နေသည်။ သူမအားတစ်စုံတစ် ယောက်ထိတွေ့နေသည်ကိုလည်းခံစားမိနေသည်။ သူမမျက်လုံးဖွင့်ကာကြည့်သည်နှင့် ယောင်္ကျားတစ်ယောက်အားတွေ့လိုက်ရသည်။ သူမရဲ့လက်များသည်ထိုသူအားတွန်းဖယ်နေမိသည်။
ထိုအချိန် (ဗန်း...) တံခါးအားကြမ်းပတမ်းတွန်းဖွင့်သံကိုကြားလိုက်ရသည်။ လူတစ်ယောက်ကသူမကိုယ်ပေါ်ကယောင်္ကျားအားဆွဲကာအားပြင်းစွာထိုးနေသည်။ ထို့နောက် အခြားလူတစ်ယောက်ကသူမအားပွေ့လိုက်သည်။ သူမအဲ့လူအားဖက်တွယ်ထားမိသည်။ သူမတစ်ကိုယ်လုံးပူလောင်ကာအတော်လေးနေရခက်နေသည်။
ထိုသူကသူမအားကားထဲသို့ထည့်လိုက်ကာမောင်းတော့သည်။ သူမဘာတစ်ခုမှမသိတော်တော်ကိုဆိုးတဲ့ကံပင်။ ကူးပြောင်းလာသည်နှင့် ဘာမှမသိတဲ့အခြေအနေတွင် သူမဘယ်လိုစရမယ်မှန်းမသိပါ။ ကားထဲတွင်သူမအနေခက်ကာညီးနေမိသည်။
အတော်ကြာမောင်းပြီးနောက် ထိုသူကကားအားတစ်နေရာရာတွင်ရပ်လိုက်သည်။ ပြီးနောက်ကားထဲမှထွက်ကာသူမအားပွေ့ချီလိုက်သည်။
သူမသားရေကိုထိမိနေသောထိုသူလက်သည်သူမအားပိုလိုပူလောင်စေသည်။ သူမမနေနိုင်တော့ဘဲထိုသူအားနမ်းလိုက်တော့သည်။ ထိုသူကသူမအားမတုန့်ပြန်ပေ။ သူမဝေ့ဝါးကာမြင်နေရသောထိုသူမျက်နှာသည်အလွန်ချောမောမှန်းခန့်မှန်းမိသည်။ ထိုသူကသူမအားအေးစက်စက်သာကြည့်နေခဲ့သည်။ ဘာကြောင့်ထိုသို့ကြည့်မှန်းသူမမသိပေ။ ထိုသူပွေ့ခေါ်လာသောနေရာသည်အခန်းတစ်ခုခုထဲသို့ဖြစ်သည်။ သူမအားပျော့အိနေသောနေရာတစ်ခုတွင်ချပြီးထွက်သွားရန်ပြင်နေသည်။ သူမထိုသူလက်အားဆွဲကာရီဝေနေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။
ထိုမှသာသူ၏ပါးစပ်မှအေးစက်စက်စကားလုံးများထွက်လာသည်။
"မင်းသေချာလို့လား"
YOU ARE READING
၆.ဒုတိယလက်ဖြင့်ပြန်လည်ရေးဆွဲခြင်း: ARC1-7~အပယ်ခံဇနီးသည်
एक्शनအဓိကငွေချစ်နတ်ဆိုး - (ရူနစ်ခ်) ငွေကိုချစ်တယ် ငွေကိုကိုးကွယ်မယ် ငွေသည်သာကျွန်မဘဝအတွက်အရေးကြီးဆုံး... ပြီးတော့ယောင်္ကျားတွေကိုစားမယ်။ (͡°‿ ͡°) ငွေချစ်နတ်ဆိုးအားhostတော်မိသောsystem..ಥ‿ಥ ဒီficကဘာသာပြန်မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကူးနဲ့ပုံဖော်ထားတ...