Chapter 2

883 30 0
                                    

(Zawgyi)

မနေ့ညကသူမနှင့် လူးလှိမ့်ခဲ့သူမှာသူမ၏ခင်ပွန်းဂျေဆန်ပင်။ ထိုမှသာ သူမစိတ်အေးရသည်။

ထို့နောက်ရေချိုးခန်းဖွင့်သံအားကြားလိုက်ရသည်။ သူမကြည့်လိုက်သည်နှင့် ခါးတွင်သပတ်တစ်ထည်သာဝတ်ထားသောယောင်္ကျားတစ်ယောက်သူမပါးစပ်အဟောင်းသားဖြင့်ကြောင်ကြည့်နေသည်။ ထိုသူ၏ခန္ဓာကိုယ်အချိုးစားသည် ပြောစရာမလိုအောင်ပင် အဆီပိုမရှိ ပေါင်မုန့်ခြောက်လုံးသည်လည်း သူမ၏မနက်စာလားဟုပင်ထင်မှတ်ရသည်။ ထိုသူမျက်လုံးများသည် စူးရှကာကြည့်မလွဲနိုင်အောင်ပင် သူမအားဖမ်းစားထားတော့သည်။ သူ၏ခေါင်းပေါ်မှရေစက်များတစ်စက်ချင်းကျနေပုံမှာတကယ့်ကိုမိမိုက်လွန်းလှသည်။

ထိုမြင်ကွင်းသည် သူမမနက်အိပ်ရာထလို့စိတ်ကြည်လင်စေရန် တစ်ယောက်ယောက်ကမော်ဒယ်တစ်ယောက်အားငှားပေးထားသလားဟုထင်လိုက်မိသည်။ သူသည်မော်ဒယ်တစ်ယောက်ထက်ပင် ချောမောနေပေအုန်းမည်။ ထိုအချိန်သူသည်လှုပ်ရှားလာကာ သူ၏ကိုယ်အားသုတ်ရန် သပတ်တစ်ထည်ကိုယူလိုက်သည်။ သူမသည်သူ၏လှုပ်ရှားမှုတိုင်းကိုမလွတ်တမ်းလိုက်ကြည့်နေတော့သည်။

"မင်းဒီနေ့ အခကျေးငွေပေးရတော့မှာဘဲ"

ရုတ်တရက်ထွက်လာသော သူ၏အသံကြောင့်သူမအသိဝင်လာကာ

"ဟမ်... ဘာ.ဘာကိုပြောတာလဲ။"
သူမရှက်လာကာ စကားများထစ်ကုန်တော့သည်။

ပါးများနီရဲကာရှက်သွားသောသူမ၏ပုံသည်ဂျေဆန်အားရင်ခုန်စေသည်။ သူမသည်အရင်ပုံနှင့်ကွာခြားနေသည်။ သူ၏ဇနီးသည်အရင်ကသူအားကြည့်ပင်မကြည့် သူ့ကိုတွေ့လျှင်ရှက်သွေးဖြာကာ ခေါင်းငုံပြီရှောင်ထွက်သွားတတ်သည်။ ယခုတွင်သူအားစိုက်ကြည့်နေကာသူအရင်အကြည့်လွဲလိုက်ရတဲ့အခြေနေပင်။

"မင်းကိုမနေ့ညကငါကူညီခဲ့တာရော ပြီးတော့အခုမင်း​ရှေ့မှာငါကရှိုးပြနေသလိုကြည့်နေတဲ့အတွက်ရောပေးရမယ်"

"ဟင် ဘာမှကိုမဆိုင်တာမနေ့ညကကျွန်မရဲ့အမှားမဟုတ်ဘူး။ ပြီးတော့ကျွန်မကရှင့်ရဲ့မိန်းမပါ။ ဒီလိုကူညီရတာတောင်ရှင့်ကအခလာတောင်းနေတာပေါ့။ အခုကြည့်တယ်ဆိုတာကလည်း ရုတ်တရက်မို့အံ့သြလို့ကြည့်မိတာ။ ကျွန်မရှင့်ကိုဘာမှပေးစရာကိုမလိုတာ။"

၆.ဒုတိယလက်ဖြင့်ပြန်လည်ရေးဆွဲခြင်း: ARC1-7~အပယ်ခံဇနီးသည်Where stories live. Discover now