(Zawgyi)
"အကိုကျွန်မဘယ်လိုလုပ်ရမလဲဟင် ကျွန်မကိုကယ်ပါအုန်းအကိုရယ်"
သူမထောင်ကျတော့မယ်ဆိုတာသိနေသည်။ ရဲတွေကလည်းသူမအားဖမ်းဝရမ်းထုတ်လိုက်ပြီဆိုတော့သူမတော့သွားပြီ။
နယ်တာတော်တော်ခေါင်းရှုပ်နေတယ်။ သူ့မှာကုမ္ပဏီကိစ္စကလည်းမပြတ်သေးဘူး။ အခုဒီမိန်းမကလည်းတစ်မျိုး
ဒါပေမယ့်ဂျေဆန်ဆီကပရောဂျက်ယူလာပေးတဲ့အရာကိုထောက်ပြီးသူကူညီရမည်လေ။ အားလုံးကသူရှုပ်ခဲ့သောဇာတ်လမ်းတွေချည်းဘဲလေ။
"စိတ်အေးအေးထားနီရာ အခုလောလောဆယ်ရဲတွေမမိအောင်အကို့အိမ်မှာနေအုန်း။ အပြင်မထွက်နဲ့အုန်းဟုတ်ပြီလား"
"ဟုတ်ကဲ့အကို ညီမမှာအကို့တစ်ယောက်ဘဲ့ရှိတာပါ။ ကျွန်မကိုမထားခဲ့ပါနဲ့"
နီရာသူ့အားတင်းကြပ်စွာကလေးတစ်ယောက်လိုဖက်တွယ်ထားလိုက်သည်။ နယ်တာတိတ်တိတ်လေးနှာခေါင်းရှုပ်ကာမဖက်ချင်ဘဲဖက်ထားလိုက်ရသည်။
သူနီရာသည်သာအလှဆုံးလို့ထင်ခဲ့တာအဲ့ဒါမဟုတ်ခဲ့ဘူး မီကာကိုမမြင်ခင်ထိဘဲ့အခုဒီမိန်းမနဲ့သူမနဲ့ကဆီနဲ့ရေလိုကွာခြားနေတာကိုး။ သူနီရာကိုမလိုချင်တော့ပါဘူး။ ဖြေးဖြေးချင်းခွာထုတ်ပစ်ရမယ်။ နယ်တာဆိုတာကလည်းယုတ်မာတဲ့နတ်ဆိုးကြီးပါဘဲ့။
...
တစ်ပတ်ပြည့်ပြီဒီနေ့အရမ်းအရေးကြီးတဲ့အစည်းအဝေးဘဲ။ အစည်းအဝေးခန်းထဲတွင်ရှယ်ရာရှင်တွေနဲ့အခြားသူများကသူမအားစောင့်နေကြသည်။ သူမကတော့၉နာရီကွက်တိအစည်းအဝေးခန်းထဲသို့ရောက်ရှိလာတာပါ။
အခုတော့အရင်တစ်ခေါက်ကလိုမဟုတ်ဘဲသူမရောက်သည်နှင့်နှုတ်ဆက်ကြသည်။
"ကဲလူကြီးမင်းတို့အားလုံးကျွန်မဘယ်လိုသက်သေယူလာမလဲဆိုတာစိတ်လှုပ်ရှားကြပြီလို့ထင်ပါတယ်။ စကြတာပေါ့"
သူမကအိတ်ထဲကဘောပင်ကိုယူထုတ်လိုက်ကာအားလုံးကိုပြသည်။
"ဒီဘောပင်ကလျှိုဝှက်ကင်မရာပါတဲ့ဘောပင်ပါ။ ဒီဟာကိုကျွန်မယောင်္ကျားဆီမှာထား ထားရခြင်းကကျွန်မယောင်္ကျားကိုမယုံလို့မဟုတ်ပါဘူး။ သူ့ဘေးကသူတွေကိုမယုံကြည်လို့ပါ။ ဒါပေမယ့်အရမ်းအရေးကြီးတဲ့သက်သေရှိမယ်ဆိုတာဘယ်သူထင်မလဲ။"
YOU ARE READING
၆.ဒုတိယလက်ဖြင့်ပြန်လည်ရေးဆွဲခြင်း: ARC1-7~အပယ်ခံဇနီးသည်
Actionအဓိကငွေချစ်နတ်ဆိုး - (ရူနစ်ခ်) ငွေကိုချစ်တယ် ငွေကိုကိုးကွယ်မယ် ငွေသည်သာကျွန်မဘဝအတွက်အရေးကြီးဆုံး... ပြီးတော့ယောင်္ကျားတွေကိုစားမယ်။ (͡°‿ ͡°) ငွေချစ်နတ်ဆိုးအားhostတော်မိသောsystem..ಥ‿ಥ ဒီficကဘာသာပြန်မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကူးနဲ့ပုံဖော်ထားတ...