(Zawgyi)
မှန်ထဲမှမိန်းကလေးသည်မျက်အိမ်ကျဉ်းကျဉ်းဖြင့်မှန်အားစိုက်ကြည့်နေသည်။ မျက်တောင်ရှည်များကကော့နေကာကြည်လင်စူးရှသောမျက်လုံးဝိုင်းဝိုင်းများကိုထောက်ပံ့ထားသည်။ နှာတံဖြောင့်ဆင်း၍မျက်ခုံးထူထူများသည်ဆွဲစရာမလိုအောင်ကုန်းနေသည်။ နခမ်းပါးနှစ်လွှာကပန်းရောင်သန်းကာဖူးဖူးလေးဖြစ်နေသည်။ မေးစေ့ကအရမ်းမချွန်ဘဲပုံမှန်အနေထားတွင်ရှိသည်။
သူမစောင်ကိုလွှတ်ချကာခန္ဓာကိုယ်ကိုစစ်ဆေးလိုက်သည်။ ထိုကိုယ်သည်အချိုးစားလှကာအဆီပိုမရှိပေ။ မူလကိုယ်သည်သူမကိုယ်သူမအမြဲထိန်းသိမ်းကာနေကြောင်းရူနစ်ခ်သိလိုက်သည်။ သူမရဲ့ပေါက်စီများကလုံးဝန်းကာ အနီရောင်ကွက်များရှိနေသည်။ သူမသေချာကြည့်မိမှတစ်ကိုယ်လုံးတွင်ထိုအကွက်များကနေရာယူထားခဲ့သည်။ တစ်ချို့ကွက်များကခရမ်းရောင်သန်းနေပြီဖြစ်သည်။ ဒါပေမယ့်ထိုကိုယ်ကတစ်ကယ်ကိုရှားပါးအလှတရားကိုပိုင်ဆိုင်ထားသူလို့ သူမယုံကြည်နေသည်။
ထိုဗီလိန်သည်ဘာကြောင့်မူလကိုယ်ရဲ့အလှကိုမမြင်နိုင်ရတာလဲမသိပါ။ ကိုယ့်နားကအလှကိုမမြင်ဘဲ တစ်ခုံကျော်ကအလှကိုဘဲငမ်းနေခဲ့သည်။ သူမထိုနှာဘူးဗီလိန်ကိုမသနားပါ။
ရေချိုးသန့်စင်ကာအဝတ်ဝတ်ရန်ဗီဒိုရှေ့ရပ်လိုက်သည်။ မူလကိုယ်ရဲ့အဝတ်များသည်တန်ဖိုးကြီးကာလှပသောအဝတ်များဖြစ်သည်။ ထိုတန်ဖိုးကြီးပစ္စည်းများကိုကြည့်ကာသူမသိမ်ငယ်မိသည်။ သူမအရင်ဘဝကထိုပစ္စည်းများကိုအရမ်းလိုချင်ပေမယ့်မဝယ်နိုင်ပေ။ အလုပ်တွေပင်ပန်းစွာလုပ်နေသော်လည်းထိုတန်ဖိုးကြီးများဝယ်ဖို့မပြောနှင့် စားဖို့တောင်မလောက်ချင်ပါ။
သူမဆုံးဖြတ်လိုက်သည် ဒီဘဝတွင်ချမ်းသာမှုကိုအပြည့်ဝခံစားပစ်မည်။ လိုချင်တာဝယ်၊ စားချင်တာစား၊ ပိုက်ဆံရေလိုသုံး၊ နေချင်သလိုနေရန်သာသူမဆုံးဖြတ်လိုက်သည်။ ရတုန်းကအခွင့်အရေးကိုမည်သူကလက်လွှတ်ခံမည်နည်း။ လည်ပင်းကိုဖုံးသောအင်္ကျီကိုရွေးဝတ်၍မိတ်ကပ်ပါးပါးလေးပြင်ကာမနက်စာစားရန်အောက်ထပ်ကိုဆင်းလာလိုက်သည်။
YOU ARE READING
၆.ဒုတိယလက်ဖြင့်ပြန်လည်ရေးဆွဲခြင်း: ARC1-7~အပယ်ခံဇနီးသည်
Actionအဓိကငွေချစ်နတ်ဆိုး - (ရူနစ်ခ်) ငွေကိုချစ်တယ် ငွေကိုကိုးကွယ်မယ် ငွေသည်သာကျွန်မဘဝအတွက်အရေးကြီးဆုံး... ပြီးတော့ယောင်္ကျားတွေကိုစားမယ်။ (͡°‿ ͡°) ငွေချစ်နတ်ဆိုးအားhostတော်မိသောsystem..ಥ‿ಥ ဒီficကဘာသာပြန်မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကူးနဲ့ပုံဖော်ထားတ...