(Zawgyi)
မနက်ရောက်တော့ဂျေဆန်အရင်နိုးနေခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်အားသန့်ရှင်းပြီးနောက်လက်တော့ပ်ကိုယူ၍သူ့ရဲ့အတွင်းရေးမှူးဆီဆက်သွယ်လိုက်သည်။ အတွင်းရေးမှူးဆီကတုံ့ပြန်ချက်ရတော့ သူကုမ္ပဏီမှာမရှိတုန်းကဖြစ်ပျက်ခဲ့သောအကြောင်းအရာအားလုံးကိုအစီရင်ခံခိုင်းလိုက်သည်။
သူ့အတွင်းရေးမှူးကအီးမေးလ်ကတစ်ဆင့်အချက်အလက်အားလုံးကိုပို့ပေးခဲ့သည်။
ဂျေဆန်တစ်နာရီအတွင်းကုမ္ပဏီတွင်ဖြစ်ပျက်ခဲ့တာတွေရောရှယ်ရာဈေးကွက်တွေပါနားလည်သွားသည်။ သူ့မိန်းမဘယ်လောက်တော်ကြောင်းပါသိလိုက်ရသည်။ အိပ်ယာပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသောမီကာအားမြတ်နိုးသောမျက်လုံးများနှင့်ကြည့်နေလိုက်သည်။
"ကိုယ့်မိန်းမလေးပင်ပန်းသွားရပြီ"
သူ့ရဲ့အချစ်တွေကပိုလိုတိုးလာရတော့သည်။
...ထိုနေ့သည်နီရာအားစီရကင်ချက်ချမဲ့နေ့ဖြစ်သည်။ သူမတရားခွင်သို့ရောက်လာတော့နယ်တာအားရှာမိသည်။ ဒါပေမယ့်နယ်တာရဲ့အတွင်းရေးမှူးကိုသာတွေ့ရသည်။ သူမအချုပ်ထဲတွင်၂ပတ်ကြာမြင့်ခဲ့သည်ကြောင့်မျက်တွင်းများညိုမဲနေပြီပိန်ချုံကျနေခဲ့သည်။ အရင်ကလိုသွက်လက်ချက်ချာပြီချစ်စရာကောင်းတဲ့မိန်းကလေးမဟုတ်တော့ပေ။
စီရင်ချက်ချတော့နီရာတောင်အံ့ဩသွားရသည်။ သက်သေတွေအားလုံးသူမဖြစ်ကြောင်းကိုသာပြနေခဲ့တယ်။
"ငါမလုပ်ဘူး! ငါ့ကိုသက်သေပြန်ရှာပေး ဘာလို့ငါတစ်ယောက်တည်းဘဲအပြစ်ရှိနေရတာလဲ"
သွေးရူးသွေးတန်းလျှောက်အော်နေတော့ရဲတွေကသူမကိုချုပ်ထားရသည်။ ထိုအဖြစ်အပျက်များကိုရီယာကမှတ်တမ်းယူနေရပါတယ်။
"စိတ်မကောင်းစရာဘဲ့။ တစ်ယောက်တည်းရင်စည်းခံရတော့မယ် ကျွတ်ကျွတ်~~"
နီရာသည်ထောင်၁၂နှစ်ကျသွားခဲ့သည်။ သူမငြင်းဆိုခဲ့တာကြောင့်မလျော့ပေးတော့ပေ။
နယ်တာကသူ့ကုမ္ပဏီကအညစ်အကြေးကိုရှင်းထုတ်ခဲ့ပြီဖြစ်ကြောင်းကြေညာကာ ရှယ်ယာရှင်များအားလိုက်စည်းရုံးနေရသည်။
...
YOU ARE READING
၆.ဒုတိယလက်ဖြင့်ပြန်လည်ရေးဆွဲခြင်း: ARC1-7~အပယ်ခံဇနီးသည်
Actionအဓိကငွေချစ်နတ်ဆိုး - (ရူနစ်ခ်) ငွေကိုချစ်တယ် ငွေကိုကိုးကွယ်မယ် ငွေသည်သာကျွန်မဘဝအတွက်အရေးကြီးဆုံး... ပြီးတော့ယောင်္ကျားတွေကိုစားမယ်။ (͡°‿ ͡°) ငွေချစ်နတ်ဆိုးအားhostတော်မိသောsystem..ಥ‿ಥ ဒီficကဘာသာပြန်မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကူးနဲ့ပုံဖော်ထားတ...