(Zawgyi)
အခန်းထဲရောက်သည်နှင့်သူမအားရေချိုးခန်းထဲသို့ပွေ့သွားခဲ့သည်။ မီကာသူမနှင့်စိမ်းသက်နေသောအခန်းကြောင့် မျက်တောင်ခတ်လိုက်သည်။
သတိမထားမိလိုက်ခင်မှာသူကသူမကိုရေကန်ထဲချပေးလိုက်သည်။ ပြီးနောက်အေးစက်နေသောရေများကိုရေပန်းကတစ်ဆင့်ချလာခဲ့သည်။
"ရှင်ဘာလုပ်တာလဲ!!"
"မင်းကိုယ်ပေါ်မှာရှိတဲ့ခွေးကောင်ရဲ့အနံ့တွေစွဲနေမှာဆိုးလို့သန့်ရှင်းပေးမလို့လေ။"
"ရှင်ဘာတွေလာပြောနေတာလဲ။ ကျွန်မကိုအခုချက်ချင်းသွားခွင့်ပေး!!"
သူမအော်ဟစ်ကာတောင်းဆိုလိုက်သည်။ သူကအရေးမစိုက်စွာ
"မပေးဘူးဆိုရင်ရော"
ခနဲကာမေးလာတဲ့သူ့ပုံစံကသူမအားဒေါသအလွန်ထွက်စေသည်။ ယခုတွင်သူမစိတ်ဆိုးလွန်းလို့ ဖြူစွတ်တဲ့မျက်နှာလေးဟာ အချိန်ကိုက်ဗုံးတစ်လုံးအလားနီရဲကာပေါက်ထွက်တော့မည်ဟန်။ ထို့သို့ဖြစ်နေသောသူမပုံကိုအပြုံးဖြင့်စိုက်ကြည့်နေတာကဂျေဆန်ပါလေ။
"ရတယ်။ ရှင်သွားခွင့်ပေးမှသွားရမှာလား။"
ထိုသို့ပြော၍သူမထကာထွက်သွားရန်ပြင်သည်။
"အို့ မင်းကိုဘယ်သူသွားခိုင်းလို့လဲ။ လာခဲ့အရင်ဆေးကြောကြရအောင်"
သူမကိုရေပန်းအောက်ပြန်ဆွဲချကာသူသည်အင်္ကျီကြယ်သီးများပေါ်လက်လှမ်းလာသည်။
"ရှင်...ရှင်ဘာလုပ်ဖို့လဲ။"
"ရေချိုးရင်မင်းကအင်္ကျီဝတ်ပြီးချိုးတာလား။ အထူးအဆန်း"
သူ့အားသူမမယုံကြည်နိုင်စိုက်ကြည့်၍
"ဘာလဲ။ ကျွန်မကရှင်နဲ့အတူဘာလို့ရေချိုးရမှာလဲ။ ကျွန်မဘာသာကျွန်မချိုးတတ်တယ်။ ကလေးမဟုတ်တော့ဘူး။ ရှင်အရင်ထွက်သွား"
"ကိုယ်သွားမယ်လို့ပြောမိလား။ ကိုယ်ပြောခဲ့တာမင်းကိုယ်ကိုသန့်ရှင်းပေးဖို့ပြောတာ။ ကဲအတွန့်တက်မနေနဲ့ ရေချိုးကြမယ်။"
သူမကပေကပ်ကပ်နေကာ
"ကျွန်.မ.မ.ချိုး.ဘူး။"သူမတစ်လုံးချင်းဖိပြောပေးလိုက်သည်။
YOU ARE READING
၆.ဒုတိယလက်ဖြင့်ပြန်လည်ရေးဆွဲခြင်း: ARC1-7~အပယ်ခံဇနီးသည်
Actionအဓိကငွေချစ်နတ်ဆိုး - (ရူနစ်ခ်) ငွေကိုချစ်တယ် ငွေကိုကိုးကွယ်မယ် ငွေသည်သာကျွန်မဘဝအတွက်အရေးကြီးဆုံး... ပြီးတော့ယောင်္ကျားတွေကိုစားမယ်။ (͡°‿ ͡°) ငွေချစ်နတ်ဆိုးအားhostတော်မိသောsystem..ಥ‿ಥ ဒီficကဘာသာပြန်မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကူးနဲ့ပုံဖော်ထားတ...