Part 1

5.3K 122 10
                                    

Unicode

1652.4မီတာ ကျယ်ဝန်း​သော ကိုယ်​ပိုင်ဆေးရုံဝန်း၏ အ​ဆောက်အဦများစွာထဲမှ ငါးထပ်အ​ဆောက်အဦအတွင်းရှိ ဆရာဝန်များ နား​နေခန်းအတွင်း တာဝန်ချိန်ပြီးဆုံး​သော​ကြောင့် duty coatအား ချွတ်ကာ ​နောက်မှီခုံတွင် တင်လိုက်သည်။

ပြတင်း​ပေါက်မှတစ်ဆင့် ​လေ​အေး​လေးများ ​ဖြေးညင်းစွာ တိုက်ခတ်​နေသည်က တစ်​နေကုန် ပင်ပန်းထားသမျှအား ​​ပြေ​ပျောက်​စေသည်။ တစ်​နေ့လုံး​ပြေးလွှား​နေ​သော ​ခြေ​ထောက်အစုံအား အ​ညောင်းသက်သာ​စေရန် ပြတင်း​ပေါက်​ဘေးရှိ ကျွန်းခုံ​ပေါ်တွင်ထိုင်ကာ မျက်လုံးများလည်းမှိတ်ထားလိုက်သည်။

သူကြိုက်​သော ​ဆေးရုံနံ့ သူမြတ်နိုး​သော duty coat သူတန်ဖိုးထား​သော လူ့အသက်​တွေ ဒါ​တွေက သူ့ဘဝအတွက် အ​ရေးပါ​လေသည်။ ထိုသို့​သော အိမ်မက်ကို စတင်ဖြစ်​ပေါ်လာ​စေခြင်းက သူချစ်ရ​သော အမျိုးသားတစ်​ယောက်​ကြောင့်ပင်။ အိမ်မက်ကို
အ​ကောင်အထည်​ဖော်​ပေး​သောသူက
ထိုအမျိုးသား (သို့မဟုတ်) သူ၏ခင်ပွန်း
ဦးတည်​စေမင်း ။

Style Pant မီးခိုး​ရောင်အိတ်ကပ်ထဲမှ Iphone 13promax အနက်​ရောင်​လေးမှ ဖုန်းသံမြည်လာ​သော​ကြောင့် လက်၏ လှုပ်ရှားမှုနှင့်အတူ မျက်လုံးအားဖွင့်ကာ phone screenသို့ ကြည့်လိုက်သည်။ screenတွင် ​ခေါ်ဆိုလာ​သော အမည်နာမ​ကြောင့် တုံ့ဆိုင်းမ​နေပဲ accept လုပ်လိုက်သည်။

"ဦးတည်"

သူ၏ချစ်ရ​သော လူကြီးမို့ နှုတ်ဆတ်စကား ခံမ​နေပဲ ထိုအမည်နာမအား ​ခေါ်လိုက်သည်။

"ရှူ့ ဂျူတီချိန်ပြီးပြီ မဟုတ်လား"

ဖုန်းလိုင်းထဲမှ လူကြီးအသံသည် သြဇာငြိမ့်​ညောင်းပြီး ရှူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးများ ညွှန့်တက်စေရန် လုံလောက်သည်။

"ဟုတ်ကဲ့ ပြီးပါပြီ ဦးတည်"

တစ်ခွန်း​မေးလျှင် တစ်ခွန်းပြန်​ဖြေမှ ကြိုက်​သော​ကြောင့် ရှူ့သေချာ​ဖြေ​ရသည်။

"အဲဒါဆို အိမ်ပြန်ပြီးမှ သေချာနား ရှူ့"

"ဟင်! ဦးတည် ဘယ်လိုသိလဲ"

ပိုင်ဆိုင်မှု Where stories live. Discover now