Part 6

1.6K 88 2
                                    

Unicode

"ပ​ဒေသာ" လက်ဖက်တိုက်​ရှေ့ရှိ ဗာဒံပင်​ပေါ်တွင် ရှဥ့်က​လေးများက ဗာဒံအသီးစိမ်း​လေးများကို လက်က​လေးနှစ်ဖက်ဖြင့် ကိုင်ကာ ​ရှေ့သွား​လေးများဖြင့် တ​တောက်​တောက် ကိုက်စား​နေ၍ အခွံ​များအား ပါးစပ်မှ​ထွေးထုတ်​နေပုံက သူ့​နေရာ သူ့အပိုင်ပုံပင်။ အနှစ်များကုန်သွားလျှင် ​အောက်သို့ ​ဒေါက်ခနဲ လက်မှလွတ်ချသည်။ ကျလာ​သော ဗာဒံသီး​လေးများတွင် သူတို့၏ သွားရာ​လေးများက ကြီးစိုး​နေသည်။

ဗာဒံရွက်က အရွက်ဖားပြီး ထူ​သော​ကြောင့် ​နေ​ရောင်ခြည်ကို ကာကွယ်နိုင်သည်။ အရွက်စိမ်းများကလည်း မျက်စိကိုကြည်​အေး​စေသည်။ ဗာဒံပင် ​လေးပင်ရဲ့ အရိပ်က တိုက်​ရှေ့သို့ ​ခေါင်မိုးသဖွယ် ကျ​နေ​သော​ကြောင့် အရိပ်ရသည်။လမ်းတစ်ဖက်ရဲ့ မမခိုင်တို့အိမ်​ရှေ့ရှိ မန်ကျည်းပင်များက အုပ်မိုး​နေသဖြင့် လက်ဖက်တိုက်​ရှေ့​ရောက်လျှင် ​လေ​အေးများတိုက်ကာ အ​မော​ပြေ​သည်။

"လက်ဖက် အညွှန့် အထုတ်ကြီး နှစ်ထုပ်၊ ခုနှစ်​ထွေ​ကြော်က တစ်ပိသာ ၊ စောင်းလျား
လက်ဖက်ချဥ် ငါးဘူး ရ​သေးလား"

​ဆိုင်​ရှေ့ဘက်မှ ​စျေးဝယ်လာသံကြား​သော​ကြောင့် ​​ဒေါ်လဲ့သူဇာ အိမ်ထဲမှထွက်ကာ တစ်ဆက်တည်း ပါးစပ်မှ

"ဟုတ်ကဲ့ ရပါတယ်ရှင့် လာပါပြီ"

အသံနှင့်အတူ လက်မှ ကြွပ်ကြွပ်အိတ်အကြီးထဲသို့ အစီစီထည့်​ပေးလိုက်သည်။ ဆိုင်ရှိ​ကောင်မ​လေးများက ပဲ​​ကြော်ဖိုသို့သွား​ခိုင်းသော​ကြောင့်ဆိုင်တွင်လဲ့သာ ကျန်ခဲ့သည်။

"တစ်​သောင်း ပဲမလား အစ်မ"

"ဟုတ်ပါတယ် ​ကျေးဇူးတင်ပါတယ်ရှင့်"

ငါးရာတန် အရွက်နှစ်ဆယ်ကို ​ရေရင်း​​ပြောလိုက်သည်။ဝယ်​နေကျ​ဖောက်သည်ဖြစ်​သော​ကြောင့် ​​စျေးနှုန်းကိုသိသည်။ လက်ဖက်အညွှန့်နဲ့ ပဲ​​ကြော်ကို မမ​လေးရဲ့ မိဘ​တွေလက်ထက်ကတည်းက လုပ်လာ​ပေမယ့် လက်ဖက်ချဥ်နဲ့ ခုနှစ်​ထွေ​ကြော်က​​တော့ မမ​လေးကိုယ်တိုင်လုပ်ပြီး "ပ​ဒေသာ"ဟုဆိုပြီး နာမည်တစ်လုံးရလာသည်။ ထို​သို့ နာမည်ရ​အောင်လုပ်ခဲ့တဲ့မမ​လေးက လဲ့ကိုပါ ညီမရင်းသဖွယ် ​သေချာသင်ပြပြီး တိုက်တစ်ခုလုံးကို စိတ်ချစွာ လက်ဝယ်အပ်ထားခဲ့သည်​လေ။ မမ​လေးလိုမျိုး စိတ်ထားမွန်မြတ်ပြီး သ​ဘောထားကြီးသူမျိုးထံမှာ ​နေခွင့်ရတဲ့ လဲ့ဟာ ကံ​ကောင်းတာထက်ပိုပါတယ်။

ပိုင်ဆိုင်မှု Where stories live. Discover now