Part 4

1.7K 90 2
                                    

Unicode

"ဒါဆို အန်တီက ​ဒေါ် ခိုင် ခင် ခန့်"

ခပ်​ရေး​ရေး မှတ်မိ​​သော နာမည်ကို ဦး​နှောက်အား အလုပ်​ပေးကာ တစ်လုံးချင်းစီ ​ရွတ်လိုက်သည်။

"ရှင်!"

ခိုင်မမြင်ဖူးသော လူမှ ခိုင့်နာမည်အား သိ​နေခြင်းက အံ့ဩသွားရသည်။

"ကျွန်​တော့်ကို မမှတ်မိဘူးထင်တယ်"

"..........."

"အင်း​... ဘယ်မှတ်မိပါ့မလဲ အချိန်​တွေက ကြာခဲ့ပြီ​လေ"

ကိုယ့်မျက်နှာအား ​သေချာစိုက်ကြည့်ပြီး စဥ်းစား​နေပုံရ​သော အန်တီက မှတ်မိပုံ မ​ပေါ်ပါ။

"အန်တီ စဥ်းစားလို့မရဘူး ​​ဒေါက်တာက ဘယ်သူလဲ"

"ကျွန်​တော်က ​ဒေါ်သိင်္ဂီဝင်းရဲ့သား​ တည်​စေမင်းပါ"

"ရှင်!"

ဒုတိယ အကြိမ်​​မြောက် အာ​မေဋိတ် ဖြစ်မိခြင်း။

"နာမည်ကို​တော့ အန်တီ​ကောင်း​ကောင်း မှတ်မိတယ် သားအရင်က Aussieမှာ​နေတာမလား"

'တည်​စေမင်း' ဆိုတဲ့နာမည်​​လေးက အဝင်းကိုယ်တိုင် သူမချစ်ရတဲ့ သူမရဲ့ တစ်ဦးတည်း​သော သား​လေးကို ​ပေးခဲ့သည်​လေ။
အဝင်းရဲ့ သားဟု သိလိုက်ရ​သော​ကြောင့် "သား" ဟုသာ သုံးနှုန်းလိုက်သည်။

"ဟုတ်တယ် အန်တီ"

"အခုမှ ဒီကိုပြန်လာဖြစ်တာလား"

"ဒီကထွက်သွားကတည်းက အခုမှပထမဆုံးအကြိမ် ပြန်လာဖြစ်တာ အန်တီ"

"ပြန်​ရောက်တာ ကြာပြီလားသား"

"သုံးရက်ရှိ​ပြီ အန်တီ"

​လေဆိပ်က​နေ ဦး​လေးတို့အိမ်ကိုဝင်မ​နေ​တော့ဘဲ ​မေ​မေ့ဇာတိကိုသာ လာခဲ့လိုက်သည်။​​​​ရေကြောင်း​နှင့် ကုန်း​ကြောင်းပါ စီးပြီး ဒီ​ဒေသ​လေးကို ​ရောက်​အောင်လာခဲ့သည်။

"သားက အပြီးပြန်လာတာလား​"

"အဲတာက မ​သေချာ​သေးပါဘူး အန်တီ ဒါ​ပေမယ့် အခု​​လော​လောဆယ်​တော့ ကြာဦးမှာပါ"

" ဒီ​က ​ဆေးရုံကို ​ပြောင်းလာတာလား"

နိုင်ငံခြားပြန် ဆရာဝန် တစ်​ယောက်အ​နေနဲ့ အညာမြို့​လေးမှာ အချိန်ကုန်မ​နေသင့်ပါ။

ပိုင်ဆိုင်မှု Where stories live. Discover now