Part 5

1.7K 114 17
                                    

Unicode

​ဆေးရုံ၏ ER (Emergency Room / အ​ရေး​ပေါ် ဌာန) အတွင်း လူနာသံများနှင့်အတူ ဆရာဝန်များလည်း အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်​နေကြသည်။ ထိုစဥ် ​ဆေးရုံဝန်းအတွင်း Ambulance ကားသံများလွှမ်းမိုးသွားပြီး​နောက် တစ်စီးပြီး တစ်စီး ဝင်လာသည်။

nee...nore...nee...nore...nee...nore

"မီး​​လောင်လူနာ!"

ကား​ပေါ်ဆင်း၍ လူနာတင်ထား​သော
Ambulance Stretcher (ဘီးပါ​​သော လူနာတင် ကုတင်) အားဆွဲချကာ ERအတွင်းသို့ ​ပြေးဝင်ရင်း ​အော်လိုက်သည်။ ဆရာဝန်​ပေါက်စ​လေး များသည်လည်း ဖြစ်ခဲသည့် case ဖြစ်​သော​ကြောင့် ​တုံ့ဆိုင်းသွားကြသည်။

"​ရပ်ပြီး ​ကြည့်မ​နေနဲ့!"

​​ဒေါက်တာ တည်​စေမင်းအသံ ဟိန်းထွက်လာမှ ဆရာဝန်များ အသိဝင်လာကြသည်။ ကုတ်အဖြူအား ဝတ်ထားသည့် ​​ဒေါက်တာ တည်​စေမင်းသည် သူ၏ ​ခြေ​ထောက်ရှည်များသုံးကာ ​ခြေလှမ်းကျဲများဖြင့် ​ရောက်လာသည်။

"ဘယ်နှစ်​ယောက်ထိလဲ!"

"​ငါးယောက်ပါ ဆရာ ​လေးယောက်က အပူ​လောင်သွားတယ် တစ်​ယောက်က​ ခန္ဓာကိုယ် တစ်ခြမ်းထိသွားတယ်"

​နောက်ဆုံးမှ ဝင်လာ​သော လူနာသည် ခန္ဓာကိုယ် ဘယ်ဘက် တစ်ခြမ်းလုံးရှိ အသားများ လောင်ကျွမ်းထား​သော​ကြောင့် အသားများပြာနှမ်း​ကာ ညှီနံ့များထွက်​နေ​သော​ကြောင့် သူနာပြုတစ်ချို့ပင် ပျို့​နေကြသည်။

"ပိုးသတ်ခန်းဘက် သွားလိုက်!
ဒီတစ်​ယောက်ကို ငါလုပ်လိုက်မယ် ဟိုလေး​​ယောက်ကို မင်းတို့ တာဝန်ယူလိုက် ပြီးတာနဲ့ ငါး​ယောက်လုံး ငါ့ဆီလာခဲ့"

"ဟုတ်.. ဟုတ်ကဲ့"

​ပြောစရာရှိကာ​ပြောပြီး ​ခြေလှမ်းကျဲများဖြင့်ထွက်သွား​​သော ​ဒေါက်တာအား ကြည့်၍ ဆရာဝန်​လေးများလည်း လူနာ​လေး​ယောက်ဆီသို့​ပြေးရပြန်သည်။ အပူ​လောင်​နေ​သော အ​ရေပြားများကို ကြည့်​ပေးကာ ​ဆေးလိမ်းလိုက်ရ​​သော​ကြောင့် အများကြီး မခက်ခဲ​​ပေ။

သို့​သော်ဒေါက်တာ တည်​စေမင်းမှ ​​ပြောလိုက်သည်က 'ပြီးတာနဲ့ ငါး​​ယောက်လုံး ငါဆီလာခဲ့!' ဟုဆို​သော တစ်ချက်လွှတ် အမိန့်​ကြောင့်သွားရ​ပေဦးမည်။ လူနာ​လေး​ယောက်အား သူနာပြု ဆရာမများနှင့်ထားကာ ဆရာ့ဆီသွားရသည်။ အရင်အ​ခြေအ​နေသာဆိုရင် မီး​လောင်ကျွမ်း​သော ထိုလူနာကို မန္တ​လေးမြို့ကြီးသို့သာ လွဲရမည်။ ကုန်း​ကြောင်း​ရော ရေကြောင်းပါ စီးရလျှင် လူနာ၏ အသက်သည်လည်း အချိန် မမီပါ။

ပိုင်ဆိုင်မှု Where stories live. Discover now