Unicode
ဆာဝါဒီခ ကျနော်က ဆေးကျောင်းသားပထမနှစ်ပါ
ကျောင်းတက်ရတာ ပင်ပန်းပေမယ့် ငယ်ငယ်ကထဲက စာလုပ်တာတော့ မပြောပါ့လောက်ပါဘူးး
နောက်ပီးကျနော်က ဆိုးသွမ်းပြီးစာမလုပ်တဲ့လူတွေကိုမုန်းတယ်
ကျောင်းတက်ပီးစာလုပ်ရမှ ကျောင်းသားတာဝန်ကျေမှာမဟုတ်ဘူးလား
ဒေါက် ဒေါက် ရုတ်တရက်တံခါးခေါက်သံ
" သားလေး အမေပါ တံခါးဖွင့်ပေးအုံး"နောက်တစ်ချက် မုန်းတာက ကျနော့် အခန်းကို တံခါးမခေါက်ပဲ ဝင်တာ အမုန်းဆုံးပဲ
"ဟုတ်ကဲ့"
"ငါ့သားလေးတောင် လူကြီးဖြစ်ပြီပဲ ပထမနှစ်စတက်ရတော့မယ့် ခံစားချက်လေး ပြောပြပါအုံး"
"ဟင် အခုက 6လပိုင်းဆိုတော့ သားမွေးနေ့တောင်ရောက်တော့မယ်
မွေးနေ့လက်ဆောင်ကို လေ ပထမနှစ်ဝက်ဖြေပီးရင် အဖေ့ဆီသွားချင်တယ်ခွင့်ပြုပေးပါ"
အမြဲတမ်းအမေက အဖေ့ဆီသွားချင်တယ်လို့ပြောရင် မျက်နှာပျက်တယ်"နော် နော် အမေ သုံးနှစ်ရှိပီလေ အဖေနဲ့မတွေ့ရတာ သားလဲ ဖူးခက် ကို မရောက်ဖူးဘူးလေ 18နှစ်လဲပြည့်ပီးပီလေ နော် "
ကလေးတစ်ယောက်လိုချွဲနွဲနေတော့ မွေးထားတဲ့ မိခင်မှာဘယ်ခံနိုင်ရည်ရှိမလဲ
"အော် Gem Gem ဟုတ်ပါပီ သွားခိုင်းမယ် 10ရက်ပဲ ဟုတ်ပီလား အမေ့ကို ပစ်မထားနဲ့"
"10ရက်လား အင်းးရပါတယ် ကျေးဇူးပါအမေ"
တစ်လပိတ်တာကို 10ရက်ဆိုတော့ အွန်းခုတော့ခေါင်းငြိမ့်ရမှာပေါ့
"ရော့ နွားနို့သောက်ပီးး ကျောင်းသွားတော့ ဦးလေးTinလိုက်ပို့လိုက်မယ်"
"ဟုတ်"
ဦးလေးTin က ကျနော်ငယ်ငယ်ကထဲ အိမ်မှာနေတော့ ကျနော်မိသားစုအကြောင်းအကုန်သိတယ်
" Wan လာဟ မြန်မြန် "
"လာနေတာပဲလေ ငါညောင်းနေပီ ဟေ့ fourth နင်ဘယ်ထိတောင်သွားမှာလဲ ""ရောက်တော့မယ်"
Wan ဆိုတဲ့ မိန်းကလေးက ကျနော်ငယ် ငယ်ကထဲက သဘောကျခဲ့တယ့် မိန်းကလေးး ကျနော့်တို့အိမ်ဘေးနားလေးတွင်နေတာ ငယ်ငယ်ကတည်းက ဆော့ဖော်ဆော့ဖက်တွေ ဒါမယ့် သူက စာတော်ပြီးစမတ်ကျတဲ့ ကောင်လေးမျိုးကြိုက်တာ သူစာတော် တဲ့လူကြိုက်တိုင်း ကျနော် စာတော်ဖို့ မကြိုးစားခဲ့ဘူးးး ဘာလို့လဲ ဆိုတော့ ဒီဖူးခက်မြို့လေးထဲမှာ ကျနော်သူနဲ့ နှစ်ယောက်ထဲ ချိုအေးတဲ့ အချစ်တွေနဲ့ တည်ဆောက်မှာ
YOU ARE READING
My first love in your eyes-
Hayran KurguGem: ခနလေးပဲ စောင့်ပေးလို့မရဘူးလားး မင်းငါ့ကို မချစ်ဘူးးး Fourth: မင်းပေးတဲ့ ကတိကို မင်းမတည်ဘူး မင်းပြောသမျှ ငါမယုံဘူး